fattyOctober 5, 20101min621
ကဲဘာတွေဆက်လုပ်ကြမလဲ …. တပ်ချုပ်ကြီးဆိုသူကတော့ တရုပ်သွားတယ် ..ထောက်ခံချက်ယူတယ် ..။ လာအိုသွားတယ်ထောက်ခံချက်ယူတယ်။ သူတို့အတွက်က ထောက်ချံခက်ရဘို့သိပ်အရေးကြီးနေကြောင်း ထင်ရှားနေပါပြီ … ဒီမိုကရေစီအရေးကြိုးပမ်းနေကြသူများ ဒီအချက်ကို အဓိကထားပြီး ဦးတည်သွားဖို့ပါ။ ပြည်ပရောက် ဒီမိုကရေစီအရေးဆောင်ရွက်ကြသူများ သွက်သွက်လှုပ်ရှားကြဖို့လိုပါပြီ ။ ပြည်တွင်းမှာကတော့ ဒီအချိန်လူထုတွေထွက်ပြီး အသေခံကြမယ်ဆိုတောင် ဘယ်သူ့ဦးဆောင်ခိုင်းရမှန်းမသိတော့ပါ ။ တိုင်းပြည်ချစ်ကြသူများအတူတူမို့ စည်းရုံးပြီး အတူသွားကြမလားမှတ်ပါတယ် … တယောက်တကွဲဆီပါ ။ ….. အားရှိစရာကိုမရှိပါဘူး .. ကျနော့အမြင်နော်။ … အယူအဆမတူတာက အပြစ်တင်စရာမဟုတ်ပါဘူး … ဒါပေမဲ့ဦးတည်ချက်တူတူထားပြီး အမြင်မတူတာကိုခဏဘေးချိတ်ထား အတူတူ လက်တွဲပြီးမလုပ်နိုင်ကြပါဘူး … ဗိုလ်ချုပ်တို့ခေတ်က … အမြင်တွေမတူကြပါဘူး ဒါပေမဲ့ လွတ်လပ်ရေး target ကို အဓိက အရင်တားပြီး လုပ်ခဲ့ကြတာမှုတ်လားဗျာ။ နောင်ရေးစိတ်မကောင်းစရာပါလား …..။