အာဂApril 5, 20121min49235
ဒီမဂ္ဂဇင်းက ဘယ်တော့ ထွက်မယ်တော့ မသိဘူး။ ဒါပေမဲ့ စိတ်ထင် မကြာမည်ထွက်တော့မယ်နဲ့တူပါတယ်။ မဂ္ဂဇင်း ရဲ့ ပုံစံကဓာတ်ပုံတွေကြည့်ခြင်းအားဖြင့် ဖက်ရှင်နဲ့ အလှအပဘက် မဂ္ဂဇင်းဖြစ်ဖို့များနေပါတယ်။ အဲဒီမှာ သရုပ်ဆောင်ထားကြသူတွေကတော့ အဆိုတော် ဒီရေတိုး နောက်မော်ဒယ် မာရီနာ တို့ဖြစ်ပါတယ်။ရိုက်ထားတဲ့နေရာကတော့ ချောင်းသာမှာပါ။ ဓာတ်ပုံဆရာကတော့ ကျော်မိုးဦးဖြစ်ပါတယ်။ မဂ္ဂဇင်းတွေ ဆင်ဆာမတင်ရတော့ဘူးဆိုတော့ လုပ်ချင်တာတွေလုပ်လာကြတယ်နဲ့တူပါတယ်။ တကယ်များထွက်ဖြစ်ရင် ဆင်ဆာကဘာမှမပြောရင် နောက်ပိုင်း ဖက်ရှင်မဂ္ဂဇင်းတွေ မှာ သူထက်ငါ အပြိုင်ကြဲလို့ အဖော်အချွတ်၊ စက်ဆီ၊ချောဆီများလုပ်လာကြမလားမသိဘူး။အော် ဒီမိုကရေစီ များ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး…။ဘာပဲပြောပြော ဆက်လက်ဆောင့်ကြည့်ရမှာပါပဲ။ အများအတွက် အဆိပ်အတောက်မဖြစ်ရင်ပဲ..ကျေနပ်လှပါပြီ။ အထက်ပါပုံများကို အဆိုတော် ဒီရေတိုး Facebook ဓာတ်ပုံ ကျော်မိုးဦး face book တို့ မှ ကူးယူတင်ပြပါသည်။ http://www.facebook.com/media/set/?set=a.376766232357035.92031.100000709845432&type=3 http://www.facebook.com/profile.php?id=100001397007662&sk=photos