ေမာင္ရိုးMarch 12, 20121min47724
ဆာမိရဲ.အသိတစ်ယောက်က ရဲအရာရှိတစ်ယောက်ပါ ။ဒီနေ. မင်္ဂလာဒုံဂေါက်ကွင်းနားက ကောင်းလက်ဘက်ရည်ဆိုင်မှာမမျှော် လင်.ဘဲတွေ.တော. ဆာမိကိုလက်ဘက်ရည်တိုက်ပါတယ် ။ ရဲ ဆီကစားရခဲလို.ပလာတာနဲ.ဆိတ်ကြော်ပါစားရင်း ဟိုသတင်း ဒီသတင်းတွေ ပြောဖြစ်ကြတယ် …။သတင်းကတော.သိပ်မထူးလှပါဘူး ၊ မြို.သစ်တွေ နယ်မြို.တွေမှာ မကြာခဏဖြစ်နေ ကြတာပါဘဲ ။ တို.ဆေးပါ ၊ တို.ဆေးနဲ.တို.ပြီး ရွှေ ငွေ တစ်ခုခု လိမ်လည်ယူသွားတဲ.ကိစ္စပါ ။ခက်တာက ဒီအမှုမျိုးက တရားခံဖမ်းမိတယ် လို. မကြားဘူးပါဘူး(ဖမ်းမိချင်လည်းဖမ်းမိမှာပါ )။ဖြစ်စဉ်ကတော. လွန်ခဲ.တဲ.ရက်အနည်းငယ်က ရွှေပြည်သာမြို.သစ်ရဲ. အလွန်စည်ကားလှတဲ.ထန်းခြောက်ပင်လမ်းဆုံအနီး မှာဖြစ်ပျက်ခဲ.တာပါ။ အသက်ခြောက်ဆယ်လောက်ရှိတဲ.အမျိုးသမီးကြီးတစ်ဦးကို (သူတို.အဆို) တို.ဆေးနဲ.တို.ပြီးတစ်ကျပ်သား ရွှေဆွဲကြိုးကို ဖြုတ်ခိုင်းပါသတဲ.၊ ပြီးတော.စာအိပ်ထဲထည်.ပြီးအိမ်ရောက်မှ ဖွင်.ကြည်.ခိုင်းသတဲ. ။အိမ်ရောက်တော.ဖွင်.ကြည်.တဲ.အခါ စာအိပ်ထဲမှာ ကျေက်ခဲတွေဘဲပါ ပါတယ် ..။အခင်းဖြစ်ပွာတဲ.အချိန်က နံနက်(၇)နာရီခွဲလောက်ဆိုတော.လူစည်ကားတဲ. အချိန်ပါ။ ဆာမိအနေနဲ.ကတော. အောက်လမ်းတွေ အထက်လမ်းတွေ ဂမ္ဘီရတွေ […]


ေမာင္ရိုးMarch 6, 20121min1137
(ခရီးရုတ်တရက်ထွက်သွားရသဖြင်.ယခုမှအဆုံးသပ်နိုင်ခြင်းကိုအားနာမိပါကြောင်း ) ဥသျှစ်ပင်ရောက်တော.နံနက်ငါးနာရီခွဲခန်. ၊ခရီးသည်များကိုနှိုး၍မျက်နှာသစ် နံနက်စာစားစေသည်။ ပြီးလျှင်ပုသိမ်မုံရွာလမ်းမှ ရွှေစက်တော်သို.နေ.လည်စာအမှီမောင်းရပေတော.မည်။ဥသျှစ်ပင်မှထွက်၍တစ်နာရီခန်.အကြာတွင် ပြဿနာစတော.သည် ထိုစဉ်ကပုသိမ်မုံရွှာလမ်းသည်သိပ်မကောင်း ၊ခဲလုံးများထိုးထိုးထောင်ထောင်နှင်.အတန်ငယ်ကြမ်းသည်။ထိုခဲချွန်များသည် ကျွန်တော်၏တကားနောက်ဘီးကိုထိုးခွဲလိုက်ပါပြီ …။ကျွန်တော်တို.ဆင်း၍ ကားဘီးလဲကြရသည်။ ပုသိမ်မုံရွာလမ်းသည် သိကြသည်.အတိုင်းပင် …ဥသျှစ်ပင်မှ ပဒါန်းလမ်းဆုံအထိ ကားနားရမည်.နေရာမရှိ၊ လေထိုးကျွတ် ဖာရမည်.နေရာမရှိ ။ထို.ကြောင်.နောက်တကြိမ်ဘီးမပေါက်စေရန်ဆုတောင်း၍ ဖြေးဖြေးမှန်မှန်သာမောင်းရပေတော.သည်။ သို.သော်..ဆုတောင်းကားမပြည်.ခဲ.။မိုင်(၃၀)ခန်.မောင်းပြီးသောအခါ ရှေညာဘက်ဘီးပေါက်ပြန်လေသည်။ကျွန်တော်တို. တွင်ကားဘီးအပိုမရှိတော….။ထို.ကြောင်. နောက်ဘီးတစ်လုံးဖြုတ်၍ ရှေ.ဘီးတွင်တတ်ဆင်ကာဘုရားရှိခိုးအမျိုးမျိုးရွတ်ပြီး ဖြေးဖြေးသာမောင်းရပါတော.သည်။ပင်ပန်းလိုက်သည်.ဖြစ်ခြင်း …လူပင်ပန်းသည်ထက်စိတ်ပင်ပန်းသည်ကပိုသည်။ ၄၆ ယောက်သောခရီးသည်တို.၏အသက်နှင်.ခရီးစဉ်ချောမောမှုသည်ယဉ်မောင်းတွင်တာဝန်အပြည်.အဝ ရှိလေသည်မို. အထူးသတိထား၍မောင်းရသည်။ခရီးသည်တချို.လည်းဗိုက်ဆာကြပြီ ၊ သံဃာတော်နှစ်ပါးလည်းပါသည်မို.မွန်းလွဲမှာစိုးရ သေးသည် …ကားသည်လည်းမြန်မြန်မောင်းလို.မရ ၊ ဒီကြားထဲ …ကားနှင်.ဒရိုင်ဘာကိုမေတ္တာပို.သံသဲ.သဲ.ကိုလည်း မကြားဟန်ဆောင်၍နေရပြန်သည် ။ ပဒါန်းလမ်းဆုံရောက်တော.ကံကောင်းသည် ၊ကျွန်တော.အသိဒရိုင်ဘာမောင်းသည်. ကားနှင်.တွေ.သည်မို.ဘီးမဖာတော. ဘဲသူ.ထံမှစပယ်ယာဘီးကိုငှား၍ ရွှေစက်တော်သို.အသော.နှင်ရပါတော.သည်။ကံဖေးမ၍သံဃာတော်တို.နေ.ဆွမ်းမှီခဲ. ပါ၏။ကျွန်တော်တို.လည်းထမင်းပင်မစားအားကားဘီးဖြုတ်၍ ဖာထေးရလေသည်။ကိစ္စပြီးတော. နေ.လည်နှစ်နာရီ…. မတ်လဆန်း၏နေသည်ထိုအရပ်တွင်တော.ပူပြင်းလှသည်။ ဘုရားဖူးယဉ်များထားရာစုရပ်သို.ကားကိုနေရာချပြီးလျှင်နေ.လည်စာအတွက်နီးရာဆိုင်သို.ပြေးရတော.သည်။အထက်စက် တော်ရာသို.မူမတက်နိုင်တော.။ထိုနေ.ညနေတွင်ပင်ပန်းသမျှကိုမန်းချောင်းရေတွင်စိမ်ရင်းအပန်းဖြေခဲ.ရပါသည်။စောစောအိပ်မည် ဟုစိတ်ကူးရင်းတည်းခိုဆောင်တခုခုရရန်ရှာဖွေရသည်။ကျွန်တော်သည်ရွှေစက်တော်သို.ရောက်တိုင်းကားပေါ်တွင်အိပ်လေ.မရှိ။ ကားတံခါးမျာအလုံပိတ်ထားရသဖြင်.ပူအိုက်သည်တစ်ကြောင်း၊ပြင်ပလေတဟူးဟူးတိုက်သည်.မန်းချောင်းဘေးမှဝါးတဲလေး […]


ေမာင္ရိုးFebruary 29, 20121min18814
ရွှေစက်တော်သို.ခရီးလမ်းတလျေက် တနေကုန်တညလုံးကားစီး၍ပင်ပန်းခဲ.သမျှမန်းချောင်းရေတွင်စိမ်လိုက်လျှင်ချက်ချင်းပင်လန်း ဆန်းပြီးအပန်းပြေစေခဲ.ပါသည် ။စက်တော်ရာနှစ်ဆူဖူးမြင်ပြီး၍ အထက်စက်တော်ရာတည်ထားသော တောင်တော်ထက်ဆီမှ တောင်ချေသို.လှမ်းအကြည်.တွင်ညရှုခင်းသည်ကား အထူးလှပနေပေသည် ။ရစ်ခွေ၍စီးဆင်းနေသောမန်းချောင်းဘေးတွင် စီတန်း၍ဆောက်လုပ်ထားသောတဲတန်းများနှင်. လျှပ်စစ်မီးများ ထိန်ထိန်ညီးနေသည်. ဈေးတန်းများကိုကြည်.ရင်း တောင်ပေါ် သို.ဖြတ်သန်းတိုက်ခတ်လာသောလေနုအေး၏ အထိအတွေ.မှာအထူးပင်အေးချမ်းလှပေစွ ။ဘဝအမော တခဏအမောတို.သည် ဘယ်ဆီလွင်.လေသည်မသိ ….မပြန်ချင်လောက်အောင်ပင် ဖြစ်မိနေတော.သည် ။ ထိုသို.သော ရွှေစက်တော်ဘုရားပွဲသို. ကျွန်တော်သည်လွန်ခဲ.သော (၁၀)နှစ်ကျော်ခန်.က ဘုရားဖူးယဉ်၏ဒရိုင်ဘာတစ်ဦး အဖြစ် အကြိမ်ဖန်များစွာရောက်ခဲ.ဘူးပါသည် ။ရောက်ခဲ.သည်.အခေါက်တိုင်းလဲမန်းချောင်းရေတွင်စိမ်လျှက် စက်တော်ရာနှစ်ဆူသို.တက်ရောက်ဖူးမျှော်ခဲ.သည် ။နှစ်တွေကြာခဲ.ပါပြီ။ ဆယ်စုနှစ်တခုမကကြာခဲ.သော်လည်း ထိုနေ.တစ်နေ.၏ ညတစ်ညကိုမူ မမေ.နိုင်သေးပါ ။အထူးပင်ပန်း၍အိပ်မောကျခဲ.ရသော ထိုတစ်ညတွင်ထတ်လန်.ခဲ.ရ သည် ၊ အံ.ဩခဲ.ရသည် ပြီးနောက် …တညလုံးအိပ်ရေးပျက်ခဲ.ရပါသည် ။ထိုညတွင်ကြုံခဲ.ရသောမထင်မှတ်ခဲ.သည်.အဖြစ်အပျက်တို.သည်ကား …………….။ ကျွန်တော်တာဝန်ယူမောင်းနှင်သော အမြန်ယဉ်ဘတ်စ်ကားကြီးသည် ရွှေစက်တော်နှစ်ညအိပ်ခရီးအဖြစ် ရန်ကုန် ပန်းဆိုးတန်းဂုံးကျော်အောက်မှည(၉)နာရီခန်.တွင်စတင်၍ထွက်ခွာလာခဲ.ပါသည်။ကျောင်းစစ်စာမေးပွဲများပြီးချိန်ဖြစ်၍လည်း၊ သောကြာနေ.ဖြစ်၍ရုံးသူရုံးသားများလိုက်ပါနိုင်ကြ၍လည်းကောင်းယနေ.ညသည် ကားပေါ်တွင်လူအပြည်.နှင်.ဖြစ်သည် ။ လမ်းကြိုတက်မည်.သူနှစ်ဦးခန်.သာပါသဖြင်. ခရီးစဉ်သည်မနှေင်.နှေး […]