etoneJuly 9, 20121min38445
ယခင်ခေတ်က မြန်မာအမျိုးသမီးတွေအရှက်နဲ့ လူလုပ်ကြပေမယ့် ၊ ဒီခေတ်မိန်းမများတော့ ဘာနဲ့ လူလုပ်ကြသလဲ မပြောတတ်တော့အောင်ပါပဲ  ။ ြမန်မာအမျိုးသမီးလို့ ဆိုလိုတာက မြန်မာလူမျိုးတစ်ခုတည်းကိုမဟုတ်ပဲ ၊ မြန်မာနိုင်ငံတွင်းမှာ နေထိုင်သူအမျိုးသမီးများကို သုံးနှုန်းလိုက်တာပါ ။ ခေတ်စကားလို့ခေါ်မလား ၊ ဗန်းစကားလို့ခေါ်မလား ၊ ဘာစကားလား ၊ ညာစကားလား မသိပေမယ့် အမျိုးသမီးထုအကြားမှာ ရေပန်းစားပြီး သုံးနှုန်းနေကြလို့ ၊ ကြားရသူတောင် တွန့်တွန့်သွားမိပါတယ် ။ ဆယ်ကျော်သက်အရွယ်ကစလို ့ ၊ သုံးဆယ်ကျော် ငါးနှစ်ပတ်လည်လောက်ထိ အဲ့ဒီစကားကို တွင်တွင်ကျယ်ကျယ်သုံးနေကြတာ ၊ ယနေ့ ၂၁ရာစုရဲ့ ဗန်းစကားများလားလို့တောင် ထင်မှတ်မိပါတယ် ။ ဗန်းစကားတွေ များစွာကြားခဲ့ဖူးပါတယ် ဒါပေမယ့် ကိုယ့်သိက္ခာ ကိုယ်ချတဲ့ ဗန်းစကားကတော့ ကြားဖူးတာ ဒီတစ်ခါ ပထမဆုံးပါပဲ ။ […]