နွေဦးJune 22, 20111min893
ရန်ကုန်မြို့တော်ကြီးရဲ့ သန့်ရှင်းသပ်ရပ် အလွန်လှပသော လမ်းဘေး ပလက်ဖေါင်းပေါ်မှ ကားမှတ်တိုင်တွင် ဆိုက်ရောက်လာသော ခေတ်မှီ အဲယားကွန်း ဘတ်စကား ကြီးဆီသို့ လှမ်း တက်ခဲ့သည်။ ကားပေါ်မှ လွန်စွာ ယဉ်ကျေးသိမ်မွေ့သော ကားစပါယ်ယာမှ လွတ်နေသော ထိုင်ခုံ ဆီသို့ ဦးဆောင်ခေါ်သွားခဲ့ပြီး ထိုင်ခိုင်းနေပေပြီ။ မင်္ဂလာဒုံ မှထွက်ခဲ့စဉ်က စီးခဲ့သော နောက်ဆုံးပေါ် မြို့ပါတ်ရထားကြီး က ခေတ်မှီသစ်လွင်လှပနေသော ရန်ကုန် ဘူတာကြီးသို့သတ် မှတ်ချိန်အတိုင်းတိတိကျကျ ဝင်ရောက်ခဲ့ သဖြင့် အချိန်မှီ…………. စဉ်းစားကြည့်တာပါ.. အတော်များများကလည်း ဒီလိုစိတ် ကူးမျိုး .အိမ့်မက်မျိုးတွေ .တွေးခဲ့ ရေးခဲ့ကြတာ များပါပြီ။ ဘယ်သူတွေ လုပ်ပေးလို့ ဘယ်တော့လောက် ဖြစ်လာမှာ လဲ ?။