fattyAugust 16, 20111min13516
အားတော့နာပါရဲ့ ဝင်ဖတ်တဲ့သူတွေကို ……….. အကြောင်းအရာကဘာမှမဟုတ်လှပါဘူး …….. ဒီနေ့ မြို့လည်ခေါင် ရောက်တုန်း အဝေးနေသူတွေ ရန်ကုန်မြို့ကြီး ဘယ်လောက်တိုးတက်နေပြီလဲ ဆိုတာသိစေချင်လို့ …. အလွမ်းပြေလေးလဲ ကြည့်ရအောင်ဆိုပြိး ချိန်လိုက်တာ …….. ရိုက်ကွင်းထဲဝင်လာတာက မြင်တဲ့အတိုင်းဘဲလေ …။ သီးခံပြီးဘာမှမဟုတ်တာလေးကို ကြည့်လက်စနဲ့ပြီးအောင်သာကြည့်ကြပါတော့လို့ ..။ သူတို့လဲ သတင်းယူတာဘဲဗျ ….။ အောက်ဆုံးပုံကတော့ ဆန့်ကျင်ဘက် မြင်ကွင်းပေါ့နော .. သတင်းပုံအနေနဲ့ Auto နဲ့ဘဲနှိပ်ထားတော့ ပုံကတော့ သိပ်မကောင်းဘူးပေါ့ဗျာ …။ မြို့လည်ခေါင်မှာ ကင်မရာကြီးတကားကားနဲ့ ဆိုတော့ သိပ်တော့စိတ်မချရသေးဘူးဗျ။ မတော် .. ကိုယ်ကလဲ ကင်မရာချိန်နေ .. တိုက်ဆိုင်ပြီး ပေါက်ကွဲမှုကလည်းဖြစ်လိုက်ရင် ဆိုင်ကယ်စီးခိုင်းနေမှာစိုးရသေးတယ်။ မစီးရတာကြာပြီလေ ..။ ကျနော်တို့မှာ အကြောက်တရားတွေရှိနေဆဲပါလား ..။