moonpoemSeptember 20, 20111min42912
ကျွန်မတို ့မြန်မာငွေကြေးတွင် အခုလတ်တလောမှသာ ၂၀ဝတန် ၊ ၁၀ဝ တန် အသစ်တွေ မြင်တွေ ့လာရခြင်းဖြစ်ပြီး အရင်ကတော့ စစ်ပြန် ပိုက်ဆံလိုလို၊နာဂစ်ဒဏ်ခံလာရသော ပိုက်ဆံလိုလိုနှင့် အစုတ်အပြတ်တွေသာများလေသည်။ လိုင်းကားသမား အမ်းသည်ဖြစ်စေ၊ ဈေးသည်က အမ်းသည်ဖြစ်စေပိုက်ဆံက အစုတ်မို ့လို ့မယူချင်လို ့မရပါ။ အကြွေ ရှားပါးနေသော အချိန်တွင် အကြွေ သည် ရွှေဖြစ်သည်။ စုတ်စုတ်၊ ပြတ်ပြတ်၊ တိတ်ကပ်သည်ဖြစ်စေ သိမ်းထားရသည်။ ယူထားရလေသည်။ ဒါကြောင့်မို့လို့လဲ ဗိုလ်ချုပ်ဈေးထဲတွင် ၂၀ဝ တန်အရွက်တစ်ရာကို 22000ဖြင့် လဲဈေးရခြင်းဖြစ်သည်။ သို ့သော် အက်ဖ်အီးစီသော်လည်းကောင်း ဒေါ်လာသော်လည်းကောင်း အစက်အပြောက်လေး သေးသေးလေးဆိုရင်တောင် ဘယ်ကမှ လက်မခံပါ။ ကျွန်မတို ့ရုံးဖုန်းအတွက် ဆက်သွယ်ရေးတွင် အက်ဖ်အီးစီး သွားရောက်ဆောင်သောအခါတွင်လည်း အမဲစက် နည်းနည်းစွန်းသည့်အတွက် […]