captainamericaApril 21, 20121min1138
ရွှေဝါပြည်တွင်ဆန်ပေါ၏ ထိုကြောင့်ရွှေဝါပြည်သားတို.ထမင်းဝနေကြ၏။ထမင်းဝသောကြောင့် ထုံးစံအတိုင်းပျင်းကြ၏။ပျင်းသောကြောင့် တဖြည်းဖြည်းဖျင်းလာကြ၏။ ဖျင်းသောကြောင့်ကြာသောအခါ ငတ်ကုန်၏။ထိုကြောင့်ရွှေဝါပြည်သူပြည်သားအားလုံးတို. ဘာမှမအောင့်နိုင်စိတ်အားညံဖျင်းလာကြ၏။ ဘာမှမလုပ်ဘဲ ဘယ်အရာမဆိုအချောင်လိုချင်လာကြ၏။ ဘယ်သူမဆိုမိမိဖို.ချည်းစဉ်းစားလာကြ၏။ဘာကိစ္စမဆို မိမိဘက်ကချည်းတွေးတောလာကြ၏။ထိုမျှနိမ့်ကျသောရွှေဝါပြည်သူပြည်သားတို.၏ စိတ်နေစိတ်ထားညံဖျင်းမှုသည် ဝမ်းရောဂါကူးစက်သကဲ့သို. မိမိ၏စစ်တပ်အတွင်းကူးစက်နေသည်ကို ဗိုလ်ချုပ်ကြီးသန်မာသည်ယခုမှသိသည်။ ဗိုလ်ချုပ်ကြီးသန်မာ၏မျက်လုံးထဲဍ်ရွှေဝါပြည်ကြီးသည်နေပူကျဲကျဲတွင်ကြည့်ရင်းကြည့်ရင်း အရည်ပျော်ကျနေသောရေခဲတုံးကြီးကဲ့သို.မြင်ယောင်လာသည်။ ဖြစ်နိုင်လျှင်ရွှေဝါပြည်ကြီးတစ်ခုလုံးကို အနုမြူဗုံးများဖြင့်ဖောက်ခွဲပစ်ချင်လာသည်။တွေးရင်းတွေးရင်း အလွန်စိတ်မချမ်းသာဖြစ်လာကာငေါက်ကနဲထထရပ်၏။ တပြိုင်တည်းပင်ပြင်းထန်သောသေနပ်သံများကို အလွန်နီးကပ်စာွကြားရ၏။ဆက်တိုက်ထွက်သော စက်သေနပ်ငယ်လေးများ၏အသံသည်အဆက်မပြတ် ပေါ်လာ၏။ထိုအသံတို.ကြားမှအော်ဟစ်ဆဲဆိုနေသောအသံတို.သည် လူသံနှင့်မတူဘဲတိရိစ္ဆာန်တို.၏အော်ဟစ်သံနှင့်တူနေသည်။ဧည့်ခန်း၏အပြင်ဘက်ဍ်အကြိတ် အနယ်တိုက်ပွဲဖြစ်နေဟန်တူသည်။ဧည့်ခန်းတွင် အရေးအကြောင်းရှိကထွက်နိုင်ရန်အရေးပေါ်ထွက်ပေါက်သုံးခုရှိသည်။ဗိုလ်ချုပ်ကြီးသန်မာ၏စားပွဲတွင်းဍု်အလိုရှိလျှင်အသင့် အသုံးပြုရန်ထားသော ကျည်ဘူးအသင့်တပ်ပီးစက်သေနပ်အပေါစားတစ်လပ်လည်းရှိသည်။ဗိုလ်ချုပ်ကြီးသန်မာသည် အကြောင်းရှိကအလွယ်ထွက်နိုင်သောထွက်ပေါက်ကို လှမ်းကြည့်သည်။ထိုနောက်စားပွဲအံဆွဲကိုဆွဲဖွင့်လျှက် စက်သေနပ်ငယ်ကိုလှမ်းကြည့်သည်။ထိုနောက်စားပွဲအံဆွဲကိုဆောင့်ပိတ်လျှက် လက်ချည်းသက်သက်တိုက်ပွဲဖြစ်ရာ နေရာကိုအိန္ဒြေရစာွထွက်လာလေသည်။ တံခါးဖွင့်လိုက်သည်နှင့် ယမ်းနံများကနှာခေါင်းတွင်းသို.တိုးဝင်လာသည်။မှောင်နေသောယမ်းငွေ.အတွင်းဍ် အတုံးအရုံးကျဆုံးနေသောမိမိ၏ဗိုလ် အကြပ်တပ်သားတို.ကို တွေ.ရလေသည်။ထိုနောက်ဘယ်တုံးကမှ မမျှော်လင့်သောမိမိအားရန်ပြုလာသူတို.အားတွေ.၏။ဗိုလ်ချုပ်ကြီးသန်မာသည်ပါးစပ်ဟသာွး၏။ထိုနောက်အသက်ရှုရမည်ကိုမေ့လျှောနေ၏။ ထိုနောက်ဟက်ဟက်ပတ်ပတ်ရယ်မောလေသည်။ဗိုလ်ချုပ်ကြီးသန်မာသည်၏ရယ်မောခြင်းကိုပစ်ခတ်တိုက်ခိုက်ကြသူတို.ကအံဩလျှက်အပစ်အခတ်ရပ်သာွးကြသည်။ရှေးဦးစာွသတိရသူ ကားဗိုလ်မှူးကျောက်တိုင်ပင်ဖြစ်သည်။ဗိုလ်မှူးကျောက်တိုင်သည်ဗိုလ်ချုပ်ကြီးသန်မာ၏ရှေ.သို.ပြေးဝင်ကာ အကာအကွယ်ပေးလိုက်၏။ထိုအပြုအမူကြောင့်ပင်တစ်ဖက်လူတို.သည် သတိရလာကြကာ သေနပ်သံတို.ပေါ်ထွက်လာသည်။ထိုသေနပ်သံနှင့်အတူဗိုလ်မှူးကျောက်တိုင်နှင့်တကွ ဗိုလ်ချုပ်ကြီးသန်မာသည်လည်း လဲကျသာွးလေသည်။