fattyJune 15, 20111min792
လှည်းကူးမြို့နယ်ရှိ ဝက်ခြံတခြံမှ ဝက်ကောင်ရေ ၉ဝ ကျော်သေဆုံမှုဖြစ်ပွါးပြီးနောက် တိရစာ္ဆန်ရောဂါရှာဖွေရေးနှင့်ထိမ်းချုပ်ရေးဌာနမှ ဝက်နားရွက်ပြာရောဂါကြောင့်ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါသည်။ ယခင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွါးသော ဝက်ရောဂါများမှာ ဝက်ပုလိပ်ရောဂါ ဝက်ဝမ်းပျက်ရောဂါဟု အမည်တတ်ခဲ့သည်။ တိမွေးကု ဌာနအနေဖြင့် ရောဂါပြန့်ပွါးနှုန်းအလွန်မြန်ဆန်နေသဖြင့် ဝက်မျိုးတုန်းသွား မှာပင် စိုးရိမ်နေရကြောင်းသိရသည်။