True AnswerAugust 28, 20111min1074
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ကံကံ၏ အကျိုးကို နားလည်ကြပါသည်။ ကောင်းတာလုပ်လျှင် ကောင်းကျိုး ခံစားရပြီး၊ မကောင်းတာလုပ်လျှင် မကောင်းကျိုးခံစားရမည်ဟူ၍ ဖြစ်သည်။ မြတ်ဘုရား ဝိပါက်တော်(၁၂) ပါးဆိုတာကိုလည်း ကျွန်ုပ်တို့ နားလည်ကြပါသည်။ ဘဝတစ်ခုတွင် မြတ်စွာဘုရား သည် လက်ဝှေ့ သမားတစ်ယောက်ဖြစ်ခဲ့ပြီး မိမိက နိုင်နေပါသော်လည်း နောက်နောင် နာလံမထူနိုင်အောင်ဆိုပြီး တစ်ဖက်လူရဲ့ ခါးကို ချိုး ခဲ့ပါသတဲ့။ အဲဒီ ဝဋ်ကြွေးက သဗ္ဗညုဘုရားအဖြစ်သို့ ရောက်သောဘဝတွင် ထိုကံ၏အကျိုးကို ဝိပါက်အဖြစ် ခါးနာတဲ့ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရသည်၊ဟု ဆိုပါသည်။ လက်ဝဲတော်ရံ ရှင်မဟာမောဂ္ဂလာန်ကိုယ်တော်ကြီးကိုယ်တိုင် လည်း ခိုးသားငါးရာယောင်ဆောင်ပြီး မိဘ နှစ်ပါးအား ရိုက်နှက်သတ်ဖြတ်ခဲ့မှုကြောင့် မြတ်စွာဘုရား၏ လက်ဝဲတော်ရံ ရှင်မဟာမောဂ္ဂလာန် ဘဝတွင် ခိုးသားများရိုက်နှက်မှုကို ခံရကာ ဝဋ်ကြွေးဆပ်ရလျှက် […]