than loneDecember 26, 20111min16211
သူငယ်ချင်း……. မင်းဒီစာကို ဖတ်နေရတဲ့အချိန်မှာ.. မင်းက စင်ကာပူနိုင်ငံမှာ နိုင်ငံသား အဖြစ်ခံယူလိုက်ပြီလို့ ထင်ပါတယ်… ငါဝမ်းသာပါတယ်သူငယ်ချင်း။ မင်းရဲ့ လုံ့လ ဝိရိယ ကြိုးစားအားထုတ်မှု အတတ်ပညာတွေနဲ့ အခုဆိုရင် မင်းမျှော်လင့်ခဲ့တဲ့ အတိုင်း အောင်မြင်သွားပြီလို့ ငါထင်ပါတယ်.. ဂုဏ်ယူပါတယ် သူငယ်ချင်း… အခုဆိုရင် မင်းက မြန်မာနိုင်ငံမှာမွေးတဲ့ စင်ကာပူနိုင်ငံသားကြီးပေါ့….။ သူငယ်ချင်း… အခုလို မိုးဦးကျရာသီဆိုရင် ငါတို့အိမ်ရဲ့ပတ်ဝန်းကျင်လေးက အရမ်းလှတယ်….. ကောက်ပင်သေးသေးလေးတေ၊ွ ယိမ်းနွဲ့နေတဲ့ လယ်ကွင်းပြင် တေ၊ွ နောက်ဘက်က မားမားမတ်မတ်ရှိနေတဲ့ တောင်တန်းကြီးတွေ၊ အစာရှာထွက်လာတဲ့ ငှက်ကလေးတွေ ရဲ့နောက်ခံ ကောင်းကင်ကြီးကတော့ အခုလို မိုးရာသီ အစမှာ ဟိုတစ ဒီတစ တိမ်ဖြူလေးတွေကလွဲရင် ခဲရောင်မှိုုင်းမှိုင်း ဖြစ်နေတယ်.. ငါတို့ အိမ်ရဲ့ဘေးက ချောင်းလေးကတော့ အရင်အတိုင်းဘဲ စီးဆင်းလျက်… ဈေးရောင်းထွက်တဲ့သူနဲ့ […]