panpanAugust 18, 20111min22226
သဂျီးရဲ့ ဝန်ခံခြင်းအနုပညာကို ဒီကနေ့ချသုံးလိုက်ပါပြီ သူများပဲလက်ညိုးထိုးနေတဲ့ ကျွန်မ၊ ကျန်တဲ့လက်ချောင်းတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်ထိုးနေတယ်ဆိုတာ သတိမထားလိုက်မိဘူး ဘာလဲဆိုတော့ ခုတလောရွာထဲခေတ်ထနေတဲ့ အဝတ်အစားကိစ္စပဲ ဒီကနေ့ ကျွန်မဝတ်ထားတာ ဂျင်းစကတ်အတို(ဒူးအထက်)နဲ့ တီရှပ်၊ တီရှပ်ကလည်း ဆယ်ကျော်သက်တွေဝတ်တဲ့ sport ဒီဇိုင်းတီရှပ် ဖိနပ်ကတော့ ကြိုးမှာသစ်သားစေ့လေးတွေ ပြည့်နေအောင်စီထားတဲ့ ဖန်စီဖိနပ် ဘယ်သွားတယ်မှတ်လဲ၊ ရုံးတက်တာ ဘာပြောကောင်းမလဲ၊ ကို့ရိုးကားယားပေ့ါ အဲဒါပြောတာလေ၊ သူ့နေရာနဲ့သူ သင့်တင်လျောက်ပတ်အောင်ဝတ်ဖို့ဆိုတာ ကိုယ်တိုင်တော်တော်လုပ်နေရတယ် ဒါကဒီကနေ့တစ်ရက်ပဲ ဒီလိုဝတ်တာလား၊ အရင်နေ့တွေကရော သိပ်တော့မကွာဘူး၊ အရင်နေ့တွေလည်း ဂျင်းရှော့ပင်၊ ဂျင်းအရှည်ဘောင်းဘီ၊ တခါတခါစတိုင်ဘောင်းဘီပေ့ါ အဲဒီစတိုင်ပင်ကလည်း ရုံးကချုပ်ပေးထားတာ 😀 ကိုယ့်မှာရှိတာကလည်း အဲလိုကလေးကလားတွေဆိုတော့ ထမီတော့ဝတ်ပါတယ်၊ တခါတလေပေ့ါ အရပ်ကပုပု လူကောင်သေးသေး ဘာအလုံးအထည်မှမရှိတော့ အဒေါ်က ကျွန်မထမီဝတ်ထားရင် ဝါးခြမ်းပြားလေးအဝတ်ပတ်ထားသလိုပဲလို့ ချီးမွမ်းရှာတယ် ပြီးတော့ ကျွန်မက […]