black chawFebruary 28, 20121min33439
မနေ့က ကျွန်တော် တင်ခဲ့တဲ့ အိပ်ချင်ပြေ ပို့စ် မှာ အနုပညာလောက သတင်းတွေကိုသာ အဓိကထားတင်ဖို့ ရည်ရွယ်ခဲ့တာပါ။ ပေါ့ပ် သတင်းတွေပေါ့ဗျာ။ ဒါပေမယ့် ပို့စ် ရဲ့ နောက်ဆုံး သတင်းကတော့ ပေါ့ပ် သတင်းတစ်ပုဒ်မဟုတ်ပဲ ဝန်ထမ်းများလစာတိုးပေးဖို့ တောင်းဆိုနေတဲ့ နိုင်ငံတော်လူကြီးမင်း ရဲ့ တွန်းအားပေးထားတာလေးဟာ ဖြစ်သင့်ပါရဲ့လားဆိုတာ ဖေါ်ပြဆွေးနွေးထားခဲ့ပါတယ်။ အင်မတန်အရေးကြီးတဲ့ ကိစ္စတစ်ခုလို့ မြင်တာကြောင့် ဟိုက်လိုက်လုပ်လိုက်တဲ့ သဘောပါ။ တိုက်ဆိုင်တာက ဒီနေ့ထုတ် ရန်ကုန်တိုင်းဂျာနယ်ထဲမှာ အဲဒီအကြောင်းကို အကျယ်တဝင့် ဆွေးနွေးထားတဲ့ ဆောင်းပါးကြီးပါလာတာပါပဲ ခင်ဗျာ။ ဟုတ်ပါတယ်။ ဝန်ထမ်းများ လစာတိုးတယ် ဆိုတာ အင်မတန်လွယ်ကူတဲ့ ကိစ္စမျိုးပါ။ ကိုယ့်အိတ်ထဲက စိုက်ပေးရတာမျိုးမှ မဟုတ်တာ။ နိုင်ငံတော်မှာသာ တာဝန်ရှိနေတာပါ။ သို့သော် လစာတိုးလိုက်တဲ့အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေဖြစ်လာမလဲ။ ကောင်းလာမှာတွေ […]