ko gyiJanuary 8, 20121min27010
သံတွဲမြို့၊ငပလီလမ်းဆုံအနီးရှိအမှတ်(၅၅)ခြေလျှင်တပ်ရင်းဝန်းအတွင်း၌နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့ခွဲ၏ဖျော်ဖြေပွဲနှင့်အတူလောင်းကစားပွဲများကို(လောင်းကစားပွဲများကိုချစ်ခင်နှစ်သက်သော)ပြည်သူလူထုအားရကျေနပ်ဖွယ် ပြုလုပ်ခဲ့သည်။ ဇန်နဝါရီ(၄)ရက်မှစ၍(၇)ရက်နေ့ထိလောင်းကစားပွဲများရှိနေခဲ့ပါ သည်။ပျော်စရာကြီးပင်……………….. ပြည်သူ့ဆက်ဆံရေးအဖွဲ့၏ဖျော်ဖြေပွဲမှာ ၅ ရက်နေ့ညမှ ရ ရက်နေ့ညများတွင် ရှိပြီးပထမညက ရုပ်ရှင်ပြသခဲ့သည်။ ကစားပွဲများမှာခြောက်ကောင်၊ဆယ်ကောင်အဝိုင်းလှည့်၊မြှားပစ်၊ကြွေပစ် နှင့်အခြား ကစားနည်းမျိုးစုံပါဝင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှကစားဒိုင်အများအပြားလာရောက်ကြသည်။စုစုပေါင်းဝိုင်း (၅၀)ခန့်ရှိသည်။ အဆိုပါပွဲသို့သံတွဲမြို့၊ငပလီနှင့်နီးစပ်သောရွာအသီးသီးမှလူအများအပြားနှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင်နှင့်သံတွဲမြို့မှအာဏာပိုင်တစ်ချို့လည်းတပျော်တပါးဝင်ရောက်ဆင်နွဲခဲ့ပါသည်။ ကျေးရွာအက်ဥပဒေပုဒ်မ(၂၁)အရ ပွဲကျင်းပခွင့်ပေးသည်ကို ဝမ်းမြောက်ကျေနပ်ဖွယ်ပင်………………… လောင်းကစားအက်ဥပဒေ  (၁၃-က)အရဆိုလျှင်ဖြင့်……………………………………………­­­­­