manawphyulayOctober 6, 20111min10512
ရွာအတွင်းတွင် စုံညီစွာ စုရုံးရောက်ရှိလာ သူကြီးတို့ရွာ စည်းဝေးပွဲ လာရောက် တွေ့ဆုံနွှဲ သဲသဲအုတ်အုတ် ဘဝဂ်ညံ အင်တာဗျူးနေသံ ဆူဆူညံညံရွာအတွင်း ရွာလည် စည်းဝေးကွင်း….. မန်းဂေဇက်လို့ ခေါ်တွင်လာ ရွာလေးတစ်ရွာပေါ်ပေါက်ကာ စာပေများစွာ စိုက်ကာပျိုး စောင့်ရှောက် ရွာသားတိုး ကြိုးစားမှုရဲ့ ရလဒ်ပင် ရွာသူ၊ ရွာသား ပြုံးပျော်ရွှင် တွဲလက်ညီစွာ ဆောင်ရွက်ရေး ရွာသူကြီးရေ ပွိုင့်တိုးပေး ဝါကျွတ်ကန်တော့ပွဲ အမှောင်ကိုခွင်း၊ အလင်းကိုဆောင်နိုင်သည့် အသိပညာ စာပေ၊ ဗဟုသုတနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် စာကြည့်တိုက်အဖြစ် ရှင်သန်ခိုင်မာစေရန် ရွာလေးတစ်ရွာ တည်ဆောက်ပေးသော ရွာသူကြီး ဦးခိုင်အတွက် ရွာသူ၊ ရွာသားအပေါင်းရဲ့ကိုယ်စား ဝါကျွတ် ကန်တော့ပန်းဆင်ရင်း မုန့်ဖိုးတောင်းလိုက်ပါတယ်။