DaveNovember 25, 20111min1644
ထိုင်းနိုင်ငံ သံဃရာဇာ၊မဟာကုတချုလာလောင်ကွန်းတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ကြီးက မြန်မာနိုင်ငံ ရွှေကျင်နိကာယာဓိပတိ မဟာနာယက ဓမ္မသေနာပတိ စုဒ္ဒသမရွှေကျင်နိကာယ သံဃရာဇာ ဇယမေဒနီ ဝါဆိုဆရာတော်ကြီး ဘဒ္ဒန ္တအဂဃိယအား ပညာပါရဂူ Ph.D ဘွဲ့ကို နိုဝင်ဘာ ၂၃ရက်နေ့ နံနက် ဂနာရီက မန ္တလေးမြို့ မန ္တလေးတောင်ခြေ ရွှေကျင်ကျောင်းတိုက်တွင် အခမ်းအနားဖြင့် ဆက်ကပ်ပူဇော်တော်မူသည်။ မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ သာသနာရေးဆိုင်ရာ ကူးလူးဆက်ဆံမှုသမိုင်းတွင် ထိုင်းသံဃရာဇာ ဆရာတော်ကြီးက မြန်မာသံဃရာဇာဆရာတော်ကြီးအား ပထမဆုံးအကြိမ် ဂါရဝပြု ပူဇော်ဦးခိုက်သော အစဉ်အလာဖြစ်သဖြင့် ထူးခြားကြောင်း မြန်မာသာသနာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။ သက်တော်(၉၅)နှစ်ရှိပြီဖြစ်သော ဝါဆိုဆရာတော်ဘုရားသည် ပညာပါရဂူဘွဲ့ လက်ခံရယူသော အချိန်တွင် ကျန်မာရေးကောင်းမွန်လျက်ရှိပြီး သက်တော်ရှည်ဆရာတော်ကြီး အဖြစ်ဖြင့် ကြည်ညိုစွာဖူးတွေ့ကြရသည်။ ဘွဲ့ဆက်ကပ်သော အခမ်းအနားသို့ မဟာကုတချုလာလောင်ကွန်းတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ကြီးနှင့်အတူ မြန်မာနိုင်ငံသို့ […]