မြသဲ ( 17082011 )March 25, 20121min33636
  အခုတလောတော်တော်လေးပူလာတာကို သတိထားလိုက်မိတယ်။ နေ့ခင်းဆိုရင်လဲအပြင်ထွက်လို့ မရလောက်အောင်ကိုပူနေတော့တာပါပဲ။ အစားအစာတွေဆိုလဲ အေးတာလေးတွေ အရည်ရွှမ်းတာ လေးတွေပဲစားချင်နေပြီး ဟင်းဆိုလဲအီတာတွေမစားချင်တော့တာနဲ့ပဲ အအီလဲပြေ ကျန်းမာရေးနဲ့ လဲညီညွတ်တဲ့ ကြက်ကြာဇံပေါင်း ကိုလုပ်စားဖြစ်ရင်း ရွာထဲကိုလဲကျွေးချင်တာနဲ့ တင်ပေးလိုက်ပါ တယ်။ တခါတလေ ထမင်းနဲ့စားဖြစ်သလို ဝိတ်ချချင်တဲ့အခါမှာလဲ ထမင်းလွတ်စားဖြစ်ပါတယ်။ အိမ်မှာထွင်ထားတဲ့မီနူးလေးပါ။ ကြက်ကြာဇံပေါင်း လိုအပ်သောပစ္စည်းများ ၁ ။ ဆန်ကြာဇံ ၂ ထုပ် ( ၃ ဦးစာ ) ( ပဲကြာဇံဖြင့်မရပါ ) ( စားမည့်လူဦးရေပေါ်မူတည်ပြီး လိုသလိုတိုးနိုင်ပါသည် ) ၂ ။ ကြက်သား အသားလွှာ ၂ဝ သား ( ကြာဇံပေါ်မူတည်ပြီးလိုသလို အချိုးကျတိုးနို်င်ပါသည် ) ၃ ။ ကြက်သွန်ဖြူကြော် ၄ […]