amatminDecember 28, 20111min15910
ဒီကနေ့ညနေရုံးကနေ အိမ်အပြန်လမ်းမပေါ်မှာ ကားတစီးပျက်နေတာကိုတွေ့မိခဲ့လို့တွေးမိတာလေးပါ ။ ဒီနေ့ အိမ်မှာ လုပ်စရာလေး တခုရှိတာနဲ့ ပဲ ရုံးးကနေ ခပ်စောစောလေး ပြန်ခဲ့လိုက်တယ် ။ ဂေဇတ်မှာ ဖတ်ခဲ့တဲ့ စာလေးတွေအကြောင်း  တောင်တွေး မြောက်တွေးရင်းပေါ့ဗျာ.။ တာမွေ လောက်အရောက်မှာကားတစီး ပျက်နေတာလေးတွေ့လိုက်တယ်.. အချိန်ကလည်း ရုံးဆင်းချိန်မဟုတ်သေးတော့ အဲဒီကားပေါ်မှာ လူတော့သိပ်မကြပ်ဘူး အရမ်းမများဘူးပေါ့ဗျာ ။ ဒါနဲ့ကျွန်တော်စီးလာတဲ့ ကားကဘေးချင်းယှဉ်ရပ်လိုက်တော့ ကားပျက်တာကိုဝိုင်းတွန်း ပေးကြဖို့စပါယ်ယာက ဆော်ဩနေတာကို အတိုင်းသားကြားနေရတယ်လေ..ကားပေါ်က တွန်းအားရှိတဲ့ ယောက်ျားသားများကို ကူညီ ဝိုင်းတွန်းကြဖို့ကိုပြောနေတာ.. ကြည့်လိုက်တော့ ကားပေါ်မှာ ယောက်ျားလေး ၈ ဦးလောက်တော့ရှိမယ်ထင်တယ်..စပါယ်ယာက ပထမတခေါက် ခေါ်တော့ ၂ ယောက်တော့ဆင်းလာတယ်..တွန်းကြတယ်ပေါ့ဗျာ.မရဘူး ဒါနဲ့နောက်တခွန်းထပ်အော်တော့ နောက်၂ ယောက်ဆင်းလာတယ်.. ကျန်နေတဲ့ လူလေးဦးလောက်က ခုံပျောက်ပြီးနေရာ ပြန်မရမှာ စိုးလို့ထင်တယ် လုံးဝဆင်းမတွန်းကြ […]