manawphyulayJanuary 29, 20131min12410
ရန်ကုန်မြို့လယ်၊ ရုပ်ရှင်ရုံများတစ်ဝိုက်တွင် ရှေ့အစဉ်အလာမပျက် နေရာယူကြီးစိုးနေသော အဖွဲ့တစ်ဖွဲ့ အကြောင်းကို အများပြည်သူ သိစေချင်သော စေတနာအပြင် အများပြည်သူ အေးချမ်းစွာ သွားလာနိုင်စေရန် အတွက် တင်ပြရေးသားလိုက်ရခြင်း ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ရုပ်ရှင်များ စတင်တည်ထောင် ဖွင့်လှစ် ပြသစဉ်ထဲက ရုပ်ရှင်လက်မှတ် မှောင်ခိုသမား အတော်သောင်းကျန်းနေခဲ့သည်လို့ သိရှိခဲ့ရပါသည်။ အရင့်အရင်ကလည်း လက်မှတ်မှောင်ခိုသမားများကို တစ်နည်းနည်းဖြင့် ရှင်းလင်းခဲ့ကြမယ်လို့ ထင်ပါသည်။ ယခုအချိန်ထိ ပပျောက်မှု မရှိသေးဆိုတာကိုလည်း မျက်မြင်ကိုယ်တွေ့ တွေ့ရှိနေရပါသည်။ ယခုတစ်လော အဖြစ်များတာကတော့ ရုပ်ရှင်ဇာတ်လမ်းကောင်းများတင်သော ရုံများတွင် ဥပမာ သွင်ရုံတို့၊ သမ္မတရုံတို့တွင် တွေ့ရှိနေမိခြင်း ပါပဲ။ ရုပ်ရှင်ကြည့်မယ့်သူများကို လိုက်လံရောင်းချခြင်းအပြင် ဖြတ်သွား ဖြတ်လာများကိုလည်း အတင်း လိုက်လံ အနှောင့်အယှက်ပေးနေသည်မှာ မြို့တော်အင်္ဂါရပ်ကို အလွန်ပင် အရုပ်ဆိုးစေပါသည်။ တချို့နိုင်ငံခြားသားတွေ ဖြတ်အသွားတောင် […]