natureFebruary 10, 20121min39710
လမ်းသွားရင်း ကွန်ကရစ်လမ်းခင်းနေတာတွေ့လို့ ရေးဖို့ စိတ်ကူးရသွားတာပါ။ တတ်သလောက်မှတ်သလောက် ရေးလိုက်ပါတယ်။ အတွေ့အကြုံများတဲ့ ရွာသားများက လိုတာလေးတွေကို ဖြည့်စွက်ပေးကြစေလိုပါတယ်။ ကွန်ကရစ်လမ်းတွေဟာ ခင်းပြီးရင် ၂၁ ရက်ကြာမှာ ဆွဲအားပြည့် ပါတယ်။ ဒီ ၂၁ ရက် မှာ အစိုဓါက် ရအောင် ဂုံနီကို ရေဆွတ်ပြီး အုပ်ထားပေးမှ ကွန်ကရစ်အားကောင်းပါတယ်။ အခုခင်းတဲ့ လမ်းတွေမှာ ခင်းပြီးအစိုဓါက် ထိမ်းသိမ်းမှုမျိုး မရှိလို့ လမ်းတွေ သက်တမ်း မကုန်ခင် ပျက်မှာကို စိုးမိပါတယ်။ ခင်းထားတဲ့လမ်းဟာလည်း ပလက်ဖောင်းထက်မြင့်တက်နေပါတယ်။ ကွန်ကရစ်တွေဖျော်တာရေများသွားရင် ကွန်ကရစ်အားနည်းတတ်ပါတယ်။ ရေနဲရင်လည်း လုပ်ရ ကိုင်ရခက်ပြီး လေခိုတာများတတ်ပါတယ်။ လေမခိုဖို့ vibrator ကိုသုံးရပါတယ်။ vibrator သုံးရင် တနေရာတည်းကို အကြာကြီး ထိုးရင် ကျောက်ခဲတွေအောက်ထိုင်သွားနိုင်တဲ့အတွက် တပေခြား ၅စက္ကန့် […]