ဒီနေ့ဟာ မတ်လ (၁၃) ရက်နေ့ပါ…ဒီနေ့ဟာ သမိုင်းမှာမမေ့နိုင်စရာအမှတ်တရ နေ့တစ်နေ့ပါ… ၁၉၈၈ ခုနှစ် မတ်လ (၁၃) ရက်နေ့ဟာ….တစ်နိုင်ငံလုံးရှိ အဖိနှိပ်ခံ ပြည်သူလူထုကြီးတရပ်လုံးပါဝင်ခဲ့ တဲ့ တစ်ပါတီ အာဏာရှင်စံနစ်ဆန့်ကျင်ရေး အရေးတော်ပုံကြီး စတင်ဖို့ အတွက် မီးပွားလေးတစ်စ ဖြစ်ပေါ်ခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ (၂၅) နှစ်တိုင်ခဲ့ပြီဖြစ်ပေမဲ့ သက်ဆိုင် ပါတ်သက်ခဲ့ကြ၊ ထိတွေ့ ပါဝင်ခဲ့ကြရသူတွေရဲ့ ရင်ထဲမှာတော့ ဘယ်လိုမှမေ့လို့မရနိုင်သေးတဲ့ နေ့တစ်နေ့ပါ….. ဒီရွာထဲမှာ…အဲဒီနေ့ အဲဒီအချိန်ကို မသိမှီလိုက်သူတွေအများကြီးရှိမှာပါ…အဲဒီသူတွေသိရအောင် ရည်ရွယ်ပြီး…ဒီဆောင်းပါးလေးကို တစ်ဆင့်ပြန်လည်တင်ပြခွင့်ပြုစေချင်ပါတယ်….. ဆောင်းပါးလေးကတော့ ဒီနေ့ Eleven Media Group မှာရေးတင်ထားတဲ့…..ခင်ငြိမ်းသစ် ရဲ့ ဆောင်းပါးလေးပါ….ဒါကြောင့် အချို့လည်းဖတ်ပြီးကောင်း ဖတ်ပြီးကြပါလိမ့်မယ်…… ကျနော်ကတော့ သတိမမူမိသူတွေ ဖတ်ဖြစ်အောင် ထပ်ပြီးမျှဝေလိုက်တာပါ…. ဒီအတွက်ကျနော်အမှတ်မယူပါဘူး….ကော်ပီပေ့စ် တစ်ခါမှမတင်ဖူးပေမဲ့ ..ဒီတစ်ခါတော့ အဲဒီကာလကို ထဲထဲဝင်ဝင်ဖြတ်သန်းခဲ့ဖူးသူတစ်ယောက်မို့ မနေနိုင်လွန်းလို့ […]