kaiFebruary 23, 20111min2236
နာမည်၊အဖေအမေ၊မွေးချင်း၊ မွေးရာဇာတိ၊ အရပ်အမောင်း၊ကိုယ်အလေးချိန်၊အသက် နဲ့ ယုံကြည်ကိုးကွယ်တဲ့ဘာသာကို စပြီးပြောပြပါ။ နာမည်ကသက်နှင်းလှိုင်၊ မိဘကဦးထွန်းလှိုင်- ဒေါ်ခင်နှင်းလှိုင်။ ညီအစ်မသုံးယောက်မှာ အလတ်ပါ။  ဇာတိကရန်ကုန်၊ အရပ်၅ပေ၄၊ ပေါင် ၁၀၀၊အသက်က၂၃နှစ်၊ဗုဒ္ဓဘာသာပါ။ သက်နှင်းလှိုင် စကာင်္ပူရောက်တာ ဘယ်လောက်ကြာပြီလဲ။ ၃နှစ်ကျော်ရှိပါပြီ။ ၂၀၀ရခုနှစ် ဩဂုတ်လ ၂၆ရက်နေ့ကစင်္ကာပူကိုစရောက်ပါတယ်။ ကျောင်းပြီးပြီလား။ ဘယ်တက္ကသိုလ်မှာဘယ်ဘာသာအဓိကနဲ့တက်နေသလဲ။ ရန်ကုန် စမ်းချောင်းအထက(၂)ကနေပြီး ၂၀၀၃ ခုနှစ်မှာ ရူပဗေဒဂုဏ်ထူး နဲ့ ၁ဝတန်းအောင်ပါတယ်။ ၁ဝတန်းအောင်ပြီးတာနဲ့ ၂၀၀၅ကနေ၂၀၀ရခုနှစ်အထိမလေးရှားနိုင်ငံကွာလမ်ပူမြို့ Sunway University College  တက်ခဲ့ပါတယ်။ အခုစင်္ကာပူUniversity of Newcastle မှာတက်နေပါတယ်။၂၀၀၈ကနေစတက်ပြီး၂၀၁၁ခုနှစ်မှာBachelor in Marketing and Management ဘွဲ့ရပါမယ်။ ဝါသနာပါလို့ခုဘာသာကိုယူဖြစ်တာလား။ ကိုယ်တိုင်လဲစိတ်ဝင်စားပြီးမိဘကဖြစ်စေချင်တာလဲပါပါတယ်။ ကျောင်းတဖက်နဲ့အလုပ်လုပ်သလား။ မလေးရှားမှာတက်တုန်းကတည်းကအလုပ် မလုပ်ဖြစ်ပါဘူး။ ကျောင်းပဲတောက်လျှောက်တက်လာခဲ့တာခုထိပါ။ ငယ်ငယ်တုန်းကရည်မှန်းချက်နဲ့လက်ရှိဘဝတထပ်ထဲကျလား။ ငယ်ငယ်တုန်းက သီချင်းဆိုတာအရမ်းဝါသနာ […]