၂၀၁၂၊ ဧပြီလ ၂ရရက်နေ့တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် အဲယားပူစီ (Air Pussy) ဥက္ကဋ္ဌ ဦးကြောင်ကြီးမှ ၂၀၁၅ သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ရွေးကောက်ခံသွားမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းစုများအား သူ၏မျိုးဆက် ကြောင်လေးမှ ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ဦးကြောင်ကြီးလက်အောက်တွင် ကြောင်ထရေးဒင်း(Cat Trading)၊ပူစီယူနိူက်တက် အက်ဖ်စီ(PUFC)နှင့် ပူစီများကြီးထွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်(PGD Bank)၊ပူစီကွန်စထရက်ရှင်ဂရု(Pussy Construction Group) အပါအဝင် အခြားစီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံသူများနှင့် ဝန်ထမ်းအင်အားမှာ ထောင်ဂဏန်း ရှိသဖြင့်ထောက်ခံ အားကောင်းနိူင်ကြောင်း သူနှင့်မကင်းမရှင်းသော အသိုင်းအဝိုင်းမှ ကြားသိရသည်။မတ်လအတွင်းကလဲ ကြောင်လေးမှာ(ECU) ဥရောပကြောင်သမဂ္ဂနှင့် အမှုရင်ဆိုင်ခဲ့ရာ အနိူင်ရရှိထားသဖြင့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်ပရင်းနှီးမြှပ်နှံမှုများ ကျယ်ပြန့်စွာ ဆက်လက်လုပ်ကိုင် နိူင်တော့မည် ဖြစ်သည်။ ကိုးကားသတင်း  Pussy Weekly News, April 28 […]