ကမ္ဘာရွာကြီးမှာ မြန်မာပြည်ဟာ တံခါးတွေ ကျယ်ကျယ်ဖွင့်ထားပြီဆိုတော့ကာ ဟိုကဒီက ရင်နှီးမြှုပ်နှံမှုအသစ်တွေ၊ ကြီးမားတဲ့ စီမံကိန်းတွေ အများအပြား ပေါ်ပေါက်လာပါတယ်။ ကျွန်တော်တို့ ရွှေပြည်ကြီးက လောလောဆယ်မှာ နည်းပညာဖွံ့ဖြိုးမှု သူများနောက်ကျနေတာမို့ ကြွယ်ဝတဲ့ သဘာသယံဇာတနဲ့ မြေဧရိယာတွေနဲ့သာ လုပ်စားနေရသေးတာပေါ့။ (ဥပမာ- မြန်မာ့ ကမ်းရိုးတမ်းတလျှောက်က သဘာဝဓာတ်ငွေ့ထုတ်ဖော်ရေးစီမံကိန်းတွေ၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ရပ်ဆိုင်းလိုက်တဲ့ မြစ်ဆုံစီမံကိန်းလို ဟာတွေပါ) ဒီအခါမှာ ကျွန်တော်တို့ သတိထားရမယ့် အချက်တွေကို ကိုတာက ထောက်ပြထားပါတယ်. အဓိက အချက်လေးတွေပဲ ထုတ်နှုတ်ပြပါမယ်။ ***  ***  *** ကမာ္ဘ့ဘဏ်မှာ လုပ်ခဲ့ဖူးတဲ့ နာမည်ကျော်စီးပွားရေးပညာရှင် ပေါလ် ကော်လီယာ (Paul Collier) တင်ပြခဲ့တဲ့ ဖော်မြူလာနှစ်ခု ရှိပါတယ်။   Nature + Technology + […]