moonpoemApril 3, 20111min1425
လေးဖြူက အဖေသီချင်းကိုဆိုတယ်။ ရဲလေး ကထိပ်ဆုံးက အမေသီချင်းကိုဆိုတယ်။ပြီးတော့ ၆နာရီဆိုရင် ပြန်လာပေးပါအဖေဆိုတာနဲ ့နာမည်ကြီးသွားတယ်။ သိချင်တာကဘာကြောင့် အမျိုးသားအဆိုတော်တွေကပဲ အဖေ၊အမေ သီချင်းတွေကို ဆိုနေပြီး အမျိုးသမီး အဆိုတော်တွေက မဆိုကြသေးတာလဲ။ မိန်းကလေးအဆိုတော်တွေက ကိုကြီးကိုကြီး၊ မရဲ ့မောင်လေး၊ ချစ်သောဦးရယ်ဆိုပြီး ဆိုကြတယ်။ ဘာကြောင့် ယောက်ျားလေး အဆိုတော်တွေက မမှမချစ်ရင်ဘဝပျက်သွားနိုင်တယ်။ ညီမလေးရယ် စိုးရိမ်တယ်၊ ကောင်မလေး၊ ကလေးရယ် လို ့သာဆိုကြတယ် ဘာကြောင့် ချစ်သောဒေါ်လေးဆိုပြီး မဆိုကြသေးတာလဲ။ ယောက်ျားလေးအဆိုတော်တွေထဲမှာ မျိုးကြီး၊ဖြိုးကြီး၊ ဟဲလေး၊ရဲလေးဆိုပြီးရှိပေမယ့် မိန်းကလေးအဆိုတော်တွေထဲမှာ ဘာလို ့ဆင်တူနာမည်မရှိသေးတာလဲဟင်။ မသိလို့နော် မေးကြည့်တာပါ။