thuyamonFebruary 21, 20112min19210
(၆၄)ကြိမ်မြောက်မွန်အမျိုးသားနေ့အခန်းအနားကို တပို့တွဲလပြည့်ကျော်(၁)ရက်နေ့(၁၉-၂-၂၀၁၁) ရက်နေ့ စနေနေ့တွင် မွန်ပြည်နယ် ရှိမြို့နယ် ၊ ရပ်ကွက် ၊ ကျေးရွာ အသီးသီးနှင့် အဝေးရောက်ပြည်ပရှိ မွန် အမျိုးသားများနေထိုင်ရာ နေရာအသီးသီးတို့တွင်လည်း ကျင်းပခဲ့ကြ သည်ကိုတွေ့ရပါတယ်… (၆၄)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) ကျင်းပသည့် မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်ကို် ထွက်ခွါ လာရာမှာ ဖြတ်သန်းခဲ့ရတဲ့ မွန်ပြည်နယ် တစ်ခွင်မှာ ကျေးရွာဆိုရင်ကျေးရွာအလျှောက် ၊ မြို့နယ်ဆိုရင်လည်း မြို့အလျှောက် အကျင်္ီအဖြူ ၊ လုံချည်(ပုဆိုး)အနီ ဝတ်ဆင်ထားသောမွန်လူမျိုးများ စည်းလုံးညီညွတ်စွာဖြင့် မွန် အမျိုးသားနေ့အခန်းအနားကျင်းပနေကြတာကို မင်္ဂလာရှိစွာတွေ့ကြရရင်ပဲ အတိုင်းမသိကို ဝမ်းမြောက် ကြည်နူးမိပါတယ်… ကြက်သီးမွေးညှင်းများထမတတ်အောင် ရင်ထဲမှာ တလှပ်လှပ်နဲ့ခံစားရပါတယ်… အိပ်ရေးပျက်ခဲ့ရတဲ့ညတွေများခဲ့ရပေမဲ့.. အဲဒီမြင်ကွင်းမြင်လိုက်ရတာနဲ့…မောတာပန်းတာ နွမ်းတာ လျတာ တွေဟာ ပိန်းကြာပင်ရေမတင်သလို ပျောက်ကွယ်သွားပြီး စိတ်အစဉ်သည်လည်းကြည်လင်အေးချမ်းကာ ခွန်အားတွေလည်း […]