panpanJuly 19, 20111min22715
ဒီကနေ့ ရာသီဥတုလေး မဆိုးပါဘူး မနက်ခင်းအိပ်ရာနိုးပြီးတော့ အာဇာနည်နေ့မို့ ဗိုလ်ချုပ်ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်သီချင်းလေး ဖွင့်နားထောင်ဖြစ်ပါတယ် ဲပြီးတော့ ခဏနေ ဈေးသွားပါတယ် ဈေးမှာ ထီရောင်းတဲ့တွန်းလှည်းလေးမှာလည်း ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ပြုသီချင်းလေး ဖွင့်ထားတာ ကြားရပါတယ် ဒါနဲ့ ထီ၅စောင်ထိုးခဲ့ရောဆိုပါတော့ (ထီပေါက်ခဲ့ရင် တစ်ရွာလုံး မီးခိုးတိတ် အလှူ….သိန်း၁၀၀ဝပေါက်မှ 😛 ) ပြောချင်တာက အဲဒါတွေမဟုတ်ဘူး ဒီကနေ့ရဲ့ အာဇာနည်ကုန်းမြင်ကွင်းကို ပါးစပ်နဲ့ပြောချင်တာ အာဇာနည်ကုန်းကို ပြည်သူလူထုတက်ရောက်ခွင့်ရပြီ လင့်လမ်းမှတ်တိုင်ကနေ ရွှေဂုံတိုင်ဘက်ခြမ်းကို လမ်းဖွင့်ပေးထားပေမယ့် လင့်လမ်းဟိုဘက် မြောက်ဘက်မုခ်တက်မယ့်ဘက်ကတော့ လုံးဝလမ်းပိတ်ထားပါတယ် လုံခြုံရေးတွေလည်း တင်းတင်းကျပ်ကျပ်ချထားပါတယ် လုံခြုံရေးအရ ကြည်ဖြူစွာ အစစ်ဆေးခံဖို့လည်း ပြောနေပါတယ် ်အဲဒီမှာ မော်တော်ပီကယ်တွေရော ရဲတွေရော အများကြီးပါပဲ ရေဗူးတို့၊ အိတ်တို့၊ ဖုန်း၊ ကင်မရာ စတာတွေ ယူဆောင်ခွင့်မပြုပါဘူး ယောက်ျားလေးသပ်သပ် […]