kyawhan21February 12, 20121min2388
မြန်မာပြည်သူတွေရဲ့  သွေးစည်းညီညွတ်မှုကို ပြညွှန်းသော ပြည်ထောင်စုနေ့ဟာ ၆၅ နှစ်တာကာလကိုကျော်ဖြတ်ခဲ့ပြီဖြစ်ပါတယ်၊ဒါပေမယ့် မြန်မာပြည်ဟာ ဒီပြည်ထောင်စုနေ့ကိုဖြစ်ပေါ်စေခဲ့တဲ့ ပင်လုံစာချုပ်အားဖြင့် တည်ငြိမ်အေးချမ်းပြီး လွတ်လပ်သောတရားမျှတမှုကို တကယ်လက်ဝယ်ပိုင်ဆိုင်ခဲ့ပါရဲ့လား တိုင်းရင်းသားတွေဟာ တကယ်ကော ပြည့်ဝတဲ့နိုင်ငံသားအခွင့်အရေးတွေကိုရရှိပါရဲ့လား ဒါကိုအဖြေရှာရမှာကတော့ မြန်မာပြည်၏သန်း၆ဝနီးပါးဖြစ်လာပြီဖြစ်သော မြန်မာပြည်သူလူထုတွေနဲ့အတူ လက်ရှိအာဏာရယူပိုင်ဆိုင်ထားသော ပြည်ထောင်စုအစိုးရအပါအဝင် အတိုက်အခံနိုင်ငံရေးအင်အားစုများရဲ့ ပြောင်မြောက်သော သမိုင်းအပြောင်းအလဲဖန်တည်းလိုမှုအပေါ်မှာ တည်မှာဖြစ်ပါတယ်၊ ကျွန်တော်ကတော့ကျော်ဟန်ပါ ကျွန်တော်အခုရေးသားတဲ့post မှာ ပင်လုံပြည်ထောင်စုစိတ်ဓါတ်ရှိသူ မြန်မာပြည်ကိုချစ်စိတ်ရှိသူများပါဝင်ရေးသားပေးပါရန်တိုက်တွန်းလိုပါတယ်၊   မြန်မာပြည်ရဲ့ နှစ်၁၀ဝကျော် သူတစ်ပါးကျွန်ဖြစ်ခဲ့ရခြင်းက အပြီးတိုင်လွတ်မြောက်ရန် နောက်ဆုံးအတားအဆီးတစ်ခုက တောင်တန်းဒေသပြသာနာဖြစ်ပါတယ်၊ဒါဟာအင်္ဂလိပ်တွေ အလွန်အားကိုးခဲ့တဲ့လက်နက်တစ်ခုပါ၊အာဏာကိုမက်တဲ့ တိုင်းရင်းသားပဒေသရာဇ်တွေက ဖက်တွယ်ပြီးမြန်မာပြည်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေလိုခဲ့ပေမယ့် ပြည်သူတွေရဲ့ ပြည်ထောင်ချစ်စိတ်အောက်မှာ ဝပ်တွားခဲ့ရတာက သမိုင်းမှာ အထင်အရှားပြဆိုပြီးဖြစ်ပါတယ်၊ ဒါပေမယ့်ကျွန်တော်တို့လက်ဝယ်မှာပိုင်ဆိုင်ထားတဲ့ ပင်လုံစာချုပ်ဟာ အလုံးစုံ့ပြီးပြည့်စုံတဲ့ စါချုပ်တစ်ခုတော့မဟုတ်ပါဘူး ၊ဘာလို့လဲဆိုတော့ တိုင်းတစ်ပါးအုပ်ချုပ်မှုအောက်မှာ စက္ကန့်လေးမျှတောင်မနေလိုတဲ့ လွတ်လပ်ရေးဗိသုကာ မြန်မာ့မျိုးချစ်သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းဟာ […]