True FaithAugust 9, 20101min1014
ယမန်နေ့ကစပြီး မြန်မာပြည်တွင်းမှာ အင်တာနက်လိုင်းတွေ အရမ်းနှေးကွေးနေကြောင်း သိရပါတယ်။ ဝက်ဆိုဒ်တွေ ဖွင့်ဖတ်လို့ လုံးဝမရတော့ပဲ။ ဂျီတော့ခ်နဲ့ ဂျီမေးလ်ပဲ သုံးလို့ရပါတယ်။ ယခင်က Proxy နဲ့ ကျော်ပြီး အသုံးပြုရင် ရပေမယ့် အခုတော့ ပရောက်ဆီခံလည်း မရတော့ဘူးလို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။ “မနေ့ကတည်းက စဖြစ်နေတာ။ G mail နဲ့ G Talk ရတယ်။ Skype က Video မရဘူး။ Chatting ပဲရတယ်။ Facebook မရဘူး” လို့ ပြောပြပါတယ်။ တာမွေမြို့နယ် ကျောင်းတိုက်တခုက ဦးဇင်းတပါးကတော့ ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် သမိုင်းဝင် ၈ လေးလုံး အရေးအခင်း ၂၂ မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ရှိသဖြင့် […]