နွေဦးJanuary 30, 20133min47965
ထမင်းစားတော့မယ်ဆို ဘာဟင်းလဲလို့ မေးမိတတ်တယ် အသားဟင်းမပါရင် မျက်နှာက သိပ်မကောင်း ဟိုတယောက်ကတော့ အသားဟင်းဆို ဝက်သားလား  အမဲသားလား ဘာအသားဟင်းမှ ထူးထူးခြားခြားမရှိရင်နေ ကြက်သားဟင်းကတော့ ဆိုင်တိုင်းရှိတတ်မြဲ ဟို အသားရှောင် ဒီ အသားရှောင် ရှောင်ကြတဲ့သူတွေ ပေမဲ့ ကြက်သားတော့ မရှောင်ကြဘူးလေ….။ အဲဒီကြက်တကောင် ကြက်သားဟင်းဖြစ်ဖို့ (ရန်ကုန်ကို) လာရတဲ့ခရီးမနီးဘူး အဲလိုဘဲ လမ်းမှာလဲ သက်သက်သာသာ လာခဲ့ရတာ မဟုတ်ပြန်ဘူး…. ခင်ဗျားတို့ ဟင်းပန်းကန်ထဲ ဘယ်လိုရောက်လာလဲ ဆိုတာ အကြမ်းဖျင်းလေးဘဲ ပြလိုက်ပါ့မယ်… ဈေးထဲ လည်လှီးသတ်နေတဲ့ ပုံတွေတော့ မြင်မကောင်းလို့ တင်မပေးတော့ပါဘူးဗျာ..                   ဒါလေးတွေ ကြည့်ပြီး အိမ်ပြန်ရောက်ရင် ကြက်သားဆီပြန်ဟင်းလား ဘူးသီးနဲ့ကြက်သားလား ကြက်သားနဲ့အာလူးခပ်စပ်စပ်လေး ချက်စားမလားပေါ့….   […]