weiweiNovember 27, 20101min25915
ကြက်သားဟင်းချက်တာကတော့ ဘာမှထူးဆန်းမယ်လို့ မထင်ပါဘူး … ဒါပေမယ့် ထောပတ်ထမင်းတင်ထားပြီး ဟင်းမပါရင် ဘာနဲ့ စားရမလဲလို့မေးမှာစိုးလို့ ကြက်သားဟင်းပါ တင်လိုက်တယ် … ပါဝင်သောပစ္စည်းများ … ကြက် အကောင်ခပ်သေးသေး (၁) ကောင် .. ၃၅ ကျပ်သားခန့် ကြက်သွန် အနီ (၂) ဥ … ကြက်သွန်ဖြူ နဲ့ ဂျင်း သင့်တော်သလိုထည့် .. သစ်ကြားပိုး .. ကုလားဝေး … ကုလားမဆလာ ဆား .. ဆနွင်း .. ငံပြာရည် .. ငရုတ်သီးအစိမ်းမှုန့် ချက်ပြုတ်ပုံအဆင့်ဆင့် ကြက်တစ်ကောင်ကို (၄) တုံးတုံးပြီး ဆား ဆနွင်းနဲ့ ငံပြာရည်နယ်ပြီး တစ်နာရီခန့်ထားပါသည် .. အသားထဲ အရသာဝင်စေရန်ဖြစ်ပါသည်။ ဒိန်ချဉ်ရှိပါက […]