weiweiDecember 14, 20101min1928
ကြက်ဥမွှေကြော်ကို အပြားမပျက်ပဲ ကြော်ဖို့ အိုးက အဓိကကျပါတယ်။ မကပ်တဲ့ non stick အိုးဖြစ်ရမယ် .. အိုးအပြားလဲ ဖြစ်ရမယ်။ ပါဝင်သောပစ္စည်းများ – ကြက်ဥ (၃) လုံး – ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်မိတ် (နှစ်သက်ရာ) – ဆား၊ ဆနွင်း၊ ဆီ အနည်းငယ် ချက်ပြုတ်နည်းအဆင့်ဆင့် အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး အိုးပူလာသည်အထိ ထားရမယ်။ ကြက်ဥကို ဆား ဆနွင်း (ဆနွင်းမထည့်လဲရသည်) အနည်းငယ်ဖြင့် ခေါက်ထားရမယ်။ ဆီပူလာပါက အိုးထဲကိုလောင်းထဲလိုက်ပြီး အပြားသဏ္ဍာန်ဖြစ်အောင် ပြင်ပေးရပါမည်။ အောက်ခြေအနည်းငယ်ကျက်လာမှ လှီးထားသော ပစ္စည်းများကို ဖြူးလိုက်ရမည်။ ထို့နောက် သတိအနေအထားဖြင့် တစ်ဖက်သို့လှန်လိုက်ရပါမည်။ အဲဒီနောက် ပန်းကန်ထဲ ထည့်လိုက်ရုံပါပဲ … […]


weiweiDecember 10, 20101min25313
လွယ်တာမှ မီးဖိုလဲမလို အိုးလဲ မလိုပါဘူး။ ကြွေပန်းကန် အနေတော်ထဲမှာ ဆီနဲနဲသုတ်ပြီး ကြက်ဥတစ်လုံးထည့်လိုက်တယ် … ဆားနဲနဲထည့်လိုက်တယ် .. ပြီးတော့ မိုက်ခရိုဝေ့ထဲ ထည့်ပြီး ၂ မိနစ်ထားလိုက်ရင် ကြက်ဥကြော်ဖြစ်သွားပါပြီ … မနက်စောစော မနက်စာကို ပေါင်မုန့်ထဲညှပ်စားရာမှာ အလွန်အဆင်ပြေပါတယ် … အိုးမဆေးရဘူး .. အညှော်လဲမခံရပါဘူး ..