စဆရ ႀကီးJanuary 31, 20131min20027
ခေါင်းစဉ်ဖတ်လိုက်တော့ ကြက်ခေါင်းကြီးလားထင်နေတော့မယ်။ မထူးတော့ပါဘူး၊ အားလုံးလဲသိနေကြပြီမို့ ကြော်ငြာလေးတော့ ဝင်လိုက်ပါရစေဦး။ ဟုတ်ကဲ့… ကျွန်တော်ကြက်ကြော်ရောင်းပါသည်။ ဘယ်မှာလုပ်သလဲဆိုတော့ KFC မှာ လုပ်ပါသည်ပဲပေါ့။ KFC ဆိုတာ ဘာလဲ မသိကြသူတွေထဲမှာမှ လက်ရှိအလုပ်လုပ်ရန် လာရောက်ကြသော ဝန်ထမ်းများကို Introduction လုပ်ပေးရသည့်ထဲမှာ ကျွန်တော်လဲ အပါအဝင်ဖြစ်သဖြင့် ၎င်းတို့ အသီးသီး ဖြေကြားကြသည်များမှာလည်း မှတ်သားစရာကောင်းလှပေသည်။ တစ်ခါတစ်ရံ KFC ဆိုတာ ဘာလဲဟု မေးလိုက်လျင် ဖြေကြသည်မှာ ကူဝိတ် ဖုဒ် ကုမ္ပဏီ လို့ပြောကြပါသည်။ လုပ်သက်အနည်းငယ်ရလာသောအခါ Kairo Food Company (အီဂျစ်လူမျိုးများ ရာထူးကြီးကြီးယူထားသောကြောင့် အီဂျစ်မှ မြို့တစ်မြို့နာမည်) ဟုပြောကြပါသည်။ တစ်နှစ်ခွဲခန့်ကြာပြီးသည့် ဝန်ထမ်းများကို ပြန်မေးလျင်တော့ Kitchen Fucking Company ဟု ဆိုကြသည်ကို မှတ်သားဖွယ်ရာ […]