cherrywineOctober 19, 20101min841
ဒီရက်ပိုင်းကြည့်မိတဲ့ ဇာတ်ကားလေးအကြောင်း အားလုံးကိုပြောပြချင်ပါတယ် Bounty Hunter ဆိုတဲ့ဇာတ်ကားလေးပါ .. ။ မင်းသားကတော့ Gerard Butler နဲ့ မင်းသမီးကတော့အများသိပြီးသား နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲ Friends ရဲ့မင်းသမီးချော Jennifer Aniston ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ … အလုပ်ထုတ်ခံထားရတဲ့ ရဲအမှုထမ်းဟောင်း မိုင်လိုဘွိုတ်ဟာ ကြေးစားလူမိုက်ဖမ်းတဲ့အလုပ်ကိုလုပ်ပြီးအသက်မွေးပါတယ်။အမြဲတမ်းကံမကောင်းဖြစ်ပြီးငွေလိုနေတက်ပါတယ်။မိုက်တိမိုက်ကန်းနဲ့ ညစ်ညစ်ပတ်ပတ်နေတက်လို့မိန်းမဖြစ်သူနဲ့လည်းကွာရှင်းခဲ့ရပါတယ်။သူ့မိန်းမဖြစ်သူကတော့နာမည်ကြီး သတင်းထောက် နီကိုးဟာလေဖြစ်ပါတယ်။ထက်မြတ်ပြီး ချောမောလှပသူ နီကိုလ်းဟာကိုယ့်ကိုကိုယ်သက်သေ တဲ့ သတင်းတစ်ခုကို လူသတ်မှုဟု ထင်မှတ်ပြီး သေချာအောင်သတင်းလိုက်ရာမှ အစိုးရရုံးမှ ဒဏ်ငွေမဆောင် သဖြင့်ဖမ်းဝရမ်းထုတ်ခံရသူဖြစ်သွားပါတယ်။နီကိုလ်းကို ဖမ်းရန်တာဝန်ပေးခံရသူကတော့သူ့ယောက်ျားဟောင်း မိုင်လိုဘွိုတ်ဖြစ်နေပါတယ်။လူသတ်မှုကို ကြံစည်သူများမှာလည်း နီကိုလ်းအားနှုတ်ပိတ်ရန်လိုက်လံ ကြံစည်နေကြပါတယ်။ အချစ်၊ဟာသနှင့် အက်ရှင်အနည်းငယ်ပါဝင်တဲ့ ဒီကားဟာပေါ့ပေါ့ပါးပါးနဲ့ရယ်စရာကောင်း ပြီး မိသားစုအတူကြည့်ရှုနိုင်သော ကားကောင်းတစ်ခုဖြစ်ပါတယ်။လှပပြီး ထက်မြတ်တဲ့ Jennifer ကိုလက်ထိပ်နဲ့လိုက်ဖမ်းနေတဲ့ Gerard တို့ပုံတွေမြင်ယုံနဲ့တင် […]