U Pyaung GyeJuly 23, 20141min1716
ကျွန်တော် ဝန်ထမ်းအိမ်ယာမှာနေပါသည်။ ပတ်ဝန်းကျင်အိမ်များတွင် ဌာနတူ အမျိုးသားဝန်ထမ်း မိသားစုများနေကြ၏။ ဘယ်ဘက်အိမ်မှ ဇနီးသည်မှာ ပညာရေးဝန်ထမ်း၊ ကျောင်းဆရာမ ဖြစ်ပြီး ညာဘက်အိမ်မှ ဇနီးသည်မှာ ချမ်းသာသောမိဘများမှ မွေးဖွားခဲ့သူ ဖြစ်ပါသည်။ ရှေ့တည့်တည့်အိမ်မှ ဇနီးသည်မှာ ဘာသာတရား ကိုင်းရှိုင်း သော၊ ဇနီးဝတ္တရားကျေပွန်သော၊ အလိမ္မာအိမ်ပါ မှီခိုသူ တစ်ဦးပင်။ ” သားငယ်၊ ဒီလပတ် Report Card မှာ အဆင့် ၆ တဲ့၊ ဘယ်လိုဖြစ်တာလဲသားရယ်၊ အရင်လတွေက အဆင့် ၃ထက် မကျဘူးပါဘူးကွယ်၊ သားကြီးလာရင်ဆရာဝန်ကြီး လုပ်မှာဆို၊ ဒီပုံနဲ့ဆို ဘယ်လိုဖြစ်မှာလဲသားရဲ့၊ နောက်လ အဆင့်တစ် မရရင် ရိုက်မှာနော် ” အိမ်ရှေ့အိမ်ရှိ အမျိုးသမီးမှ သားဖြစ်သူ ပထမတန်း ကျောင်းသားကို ပြောသံ ကြားပါ […]