ဂေဇက်ရဲ့စာမျက်နှာတွေကို ဖတ်လာတာကြာပါပြီ အခုတော့ဝင်ပြီးရေးချင်စရာလေးတွေရှိလို့ ကြားရသမျှကောလဟာလလေးများကို ရေးသားတင်ပြရင်း ဂေဇက်မန်ဘာတစ်ယောက်အဖြစ်ကိုခံယူမှာဖြစ်တဲ့အတွက်ကြိုတင်ပြီးမိတ်ဆက်ထားလိုက်ရပါတယ်ခင်ဗျာ။ ဒီလိုရေးသားဖြစ်အောင် ကျွန်တော့်ကိုတိုက်တွန်းခဲ့တဲ့ဂေဇက်မန်ဘာဝင်သူငယ်ချင်း(အမည်မဖော်ပြပါနှင့်ဟုဆိုသောကြောင့်) ကိုလည်း မန်ဘာတစ်ယောက်အနေနဲ့ထပ်မံ၍ဒီနေရာလေးမှ မိတ်ဆက်လိုက်ပါတယ်။ ဂေဇက်မှစာဖတ်သူအပေါင်းကို ပထမဆုံးလက်တည့်စမ်းတဲ့အနေနဲ့တင်ပြချင်တာလေးကတော့ ကမော္ဘဇဘဏ်ကုမ္ပဏီလိမိတက်မှ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ နမ့်စန်မြို့ကလေးရဲ့ထင်းရှူးမြိုင်ကျေးရွာလေးရဲ့အနောက်ဘက်တောင် ကြောတစ်လျှောက်မှာ ကျောက်မီးသွေးတွေကိုအပြင်းအထန်ရှာဖွေထုတ်ယူဖို့ကြိုးစားနေတယ်ဆိုတဲ့အကြောင်းလေး ကိုကောလဟာလသတင်းတစ်ပုဒ် အနေနဲ့ တင်ပြလိုက်ရပါတယ်။ မြို့ခံတစ်ဦးရဲ့ပြောပြချက်အရတော့ ဒီလုပ်ငန်းကြီးကတကယ်သာအောင်မြင်ရင်ဘိန်းစိုက်ပြီး ရာမလုပ်ရောင်းတာထက် ပိုပြီးအဆင်ပြေတယ်ဆိုပဲဗျ။ ကောလဟာလပြောပြတဲ့ ကောလဟာလသတင်းလေးကိုဒီလောက်ပဲရပ်ပါရစေနော်။ ကောလဟာလဆိုတာနဲနဲပဲလွှင့်ရင် များများဖြစ်သွားတတ်တယ်ဆိုတော့ ပိုသေချာအောင်တိတိကျကျစုံစမ်းပြီး သတင်းပေးပို့ပါဦးမယ်နော်………. ဂေဇက်က စီနီယာမန်ဘာကြီးများကလည်း ကျွန်တော့်ဘက်ကလိုအပ်ချက်တွေ၊သင်ကြားရမှာလေးတွေရှိရင် သွန်သင်ပြသပေးရင်းဝိုင်းဝန်းဖေးမကူညီ ကြပါဦးလို့ အနူးအညွတ်ပြောကြားရင်းမိတ်ဆက်လိုက်ရပါတယ်ခင်ဗျာ။