မြစပဲရိုးApril 1, 20121min33841
ဒေါ်အောင်ဆန်းစုကြည် ကတော့ သူမရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို ပြနေပါပြီ။ ကျွန်မတို့အားလုံး ကျွန်မတို့ရဲ့ ခေါင်းဆောင်ကောင်းရဲ့ စကားကို လိုက်နာကြရအောင်လား။ အခုဘဲ ဟယ်လာရီကလင်တန် က နေပြီး တူရကီမှာ လုပ်နေတဲ့ အစည်းအဝေးပွဲမှာ  မြန်မာပြည်သူပြည်သား တွေကို ချီးကျူးစကား ပြောသွားခဲ့ပါတယ်။ တဆက်တည်း ဘဲ ဆီးရီးယား ကို မြန်မာပြည် ကို နမူနာပြပြီး အတုယုဖို့ ကိုလဲ အုပ် သွားသေးတယ်။ 😀 အာဏာရှင်စနစ် ဆိုတာ တော်လှန်လို့ ရကြောင်း ကိုပေါ့။ ကျွန်မလဲ ဒီတစ်ခါမှာတော့ သတ္တိပြခဲ့ကြတဲ့ ပြည်သူပြည်သားတွေ ကို တကယ်ဘဲ လေးစားပါတယ်။ ကျွန်မ လျှော့တွက် လိုက်မိတဲ့ ( NLD အတွက် ရပ်တည်ပေးခဲ့တဲ့) ဝန်ထမ်းတွေ နဲ့ စစ်တပ်က […]


အရင်ပို့စ်မှာ ကိုကြောင်ကြီးက နေပြည်တော်မှာ ရွေးကောက်ပွဲ အခြေအနေလေးရေးပါဦးလို့ မန်းထားတော့ အဲဒါနဲ့ပတ်သတ်ပီး စိတ်ထဲကျလိကျလိဖြစ်ရတာ ပြောချင်တာလေးတွေ ရှိထားလို့ အမှတ်(၂) ဆိုပီး ဆက်ရေးလိုက်ပါတယ်.။ ပြီးခဲ့တဲ့ အပတ်ထဲမှာ နေပြည်တော်က ဝန်ထမ်းအားလုံး မဲပေးနိုင်ဖို့ရာအတွက် မိမိတို့ လက်ရှိစာရင်းပေါက်တဲ့ အိမ်ထောင်စုဇယားမှ အထွက်စာရင်းလုပ်လာပီး ဒီမှာအိမ်ထောင်စုစာရင်းဝင်ကြရမယ်လို့ အုတ်ကျော်သောင်းနင်း ဖြစ်လိုက်ပါသေးတယ်။ မည်သည့် ပုဂ္ဂိုလ်က ဘယ်သို့မှလိုက်မမှီသော ညဏ်နီ၊ ညဏ်နက်၊ ညဏ်စိမ်း၊ ညဏ်ပြာ၊ ညဏ်မဆလာတွေ သုံးလေသည်မသိ လူဝင်မှုကြီးကြပ်ရေးက စာရောက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့စည်းကမ်းများနဲ့ လျော်ညီစွာ မဲပေးနိုင်ကြစေဖို့ အိမ်ထောင်သည်၊ တခုလပ်နဲ့ တစ်လင်ကွာ၊ လူပျို ̸အပျိုသိုး အပုပ်အပွ နုနုရွရွပါမကျန် နေပြည်တော် တင်းပြည့်အိမ်ထောင်စုဇယားနဲ့ ပြောင်းကြရမှာပါတဲ့။ ဤလုပ်ငန်းစဉ်ကြီး လျှင်မြန်ချောမွေ့စေရေး စနေ၊တနင်္ဂနွေပါမကျန် ဆောက်ရွက်ပေးကြရန် သူတို့ဘက်က […]