jullies cezerDecember 5, 20121min32729
ရွာသူရွာသားများအားလုံးမင်္ဂလာပါ ဦးဦးပါလေရာရဲ့ သာဓုခေါ်ရမှာလားတရားစွဲရမှာလားမသိန်းကြည် ရဲ့နောက်ဆက်တွဲလေးပါ ။ ပထမတော့ comment ရေးမလို့ပဲ comment က နဲနဲများတော့ Post တစ်ပုဒ်စာလောက်ဖြစ်သွားလို့ပါ ။ တိုက်ခန်းနေတဲ့ဒုက္ခတွေကိုပြောရမယ်ဆိုရင်ဖြင့် ပြောမဆုံးပေါင်တောသုံးတောင်ပါပဲ ။ အစကထင်ထားမိတာက အထပ်မြင့်ရင် ရေပြသနာနဲ့ အခြားခြားသောပြဿနာတွေ များမယ်လို့ထင်ထားမိခဲ့တယ် ။ ဒါပေမဲ့တကယ့်လက်တွေ့မှာတော့ အောက်ထပ်လဲ အောက်ထပ်အလျောက်ပြဿနာတွေရှိတာပဲ ။ ကြုံဖူးတာကိုပြောပြမယ် cezer ရဲ့အလုပ်ရှင် သူဌေးမက၁၂၄ လမ်းမြေညီထပ်မှာအထည်ဆိုင်ဖွင့်ပါတယ် ။ မိလ္လာပိုက်လဲပေါက်ရော ပြင်ဖို့ရာ ပိုက်ဆံလိုက်ကောက်တယ်တစ်တိုက်လုံး အိမ်ဌားမို့လို့ လက်လုပ်လက်စားမို့လို့ ဘယ်သူမှမထည့်ကြဘူး မိလ္လာဖတ်တွေကလဲ အောက်ထပ်ပဲစုပုံကျတာကို ပြီးတော့ အပေါ်ထပ်ကပစ်ချသမျှ အမှိုက်တွေကလည်း နောက်ဖေးမြောင်းထဲမှာစုံပုံပြီးမြောင်းပိတ်လို့ မပြစ်ချပါနဲ့လို့ ဘယ်လိုမှ ညှိုနှိုင်းလို့မရ နောက်ဆုံး မိလ္လာကန်လဲပြည့်ပိုက်ကလဲပေါက် အဆုံးသတ်မှာမခံနိုင်တဲ့သူကပဲအားလုံးအိတ်စိုက်ပြီး ပြင်ဆင်ခဲ့ရပါတယ် ။ ဒါကကြုံဖူးတာတစ်ခု ။ […]