လင့်ခ်တွေကနေ ပြန်ကြည့်မယ်ဆို ကော်နက်ရှင်ကြောင့် ခက်ခဲနေမှာစိုးလို့ အရင်အပိုင်း(၁+၂) ကို ပြန်ထည့်ထားတာပါ.. ဖတ်ပြီးသားဆိုရင် မေတ္တာဖြင့် ခွင့်လွှတ်ပြီး ကျော်ဖတ်ပေးကြပါခင်ဗျ.. …. …. အပိုင်း (၁) …. …. သူ့ လက်ထဲမှာ ကိုင်ဖတ်နေတဲ့ နတ္ခတ္တရောင်ခြည်မဂ္ဂဇင်းကို ပိတ်လိုက်ပြီး စိတ်အလိုမကျစွာ အနားက မဂ္ဂဇင်းအဟောင်းပုံပေါ်သို့ ဘုတ်ခနဲမည်အောင် ပြစ်ချလိုက်မိသည်။ မအောင့်အည်းနိုင်တော့ လောက်အောင် ကျွဲမြီးတိုသလိုဖြစ်လာပြီ။ မကြည်မလင်ဖြစ်လာတဲ့ စိတ် ပြောင်းလိုပြောင်းငြား ရှေ့မှာချထားသည့် လက်ဖက်ပွဲထဲမှ နှစ်ပြန်ကြော်တစ်ဇွန်းမောက်မောက် ကော်ကာ မဆီမဆိုင် အညှိုးတကြီးဝါးနေလိုက်သည်။ ပြီး စပါကလင်ပုလင်းကို တဝက်ကျိုးတဲ့အထိ စုပ်သောက်လိုက်ကာ ဂေ့.. ခနဲ အသံအကျယ်ကြီးမည်အောင် ဂတ်စ်တွေကို အန်ထုတ်ပစ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် အိမ်ထဲဝင်လာသည့် သူ အိမ်လည်ရောက်နေတဲ့ သူငယ်ချင်း မိန်းကလေး၏ အဒေါ်ဖြစ်သူရဲ့ခြေလှမ်းတွေ […]


အကြောင်းအမျိုးမျိုးကြောင့် အပိုင်း (၁) နဲ့ (၂) အကြား အချိန်အများကြီးကြာသွားခဲ့တာကို ဦးစွာ ပထမ တောင်းပန်လိုက်ပါရဲ့ဗျာ။ အပိုင်း (၁) ကို မျက်စိနောက်ခံ ဖတ်ပေးခဲ့ဖူးသူ ရွာသူားများအနေနဲ့ အပြာရောင်စာလုံးများနဲ့ စာပိုဒ်တွေ ကျော်ပြီးဖတ်ပေးပါလို့။ ဖတ်ပြီး ကြာလို့ ဇာတ်လမ်းမေ့သွားလို့ ပြန်ဖတ်ချင်သူ၊ အပိုင်း (၁)ကို မဖတ်လိုက်ရသူတွေ အဆင်ပြေအောင် ပြန်ထည့်ပေးလိုက်တာပါ..။ မျက်ရည်မဆယ်နိုင်အောင် လွမ်းသွားလောက်တဲ့ နောက်ဆုံး ဇာတ်သိမ်းပိုင်းကိုလည်း ရက်များရယ် မကြာမီ တင်ဖြစ်အောင် တင်ပေးပါမည်လို့ ပေရှည်လိုက်ရပါတယ်ခင်ဗျ။ သည်းခံပြီး ဖတ်ရှုအားပေးတော်မူကြပါဦး။ နော်လို့… နော်.. နော်…မရဘူးဗျာ ဖတ်ဆို ဖတ် ဒါပဲ..။ :harr: …. …. အပိုင်း (၁) …. …. သူ့ လက်ထဲမှာ ကိုင်ဖတ်နေတဲ့ […]