chit laySeptember 28, 20111min1157
(၁) ကျွန်မပြောပြတဲ့ စိတ္တဇဆေးရုံက ဟာသများကို နားထောင်ပြီး ကျွန်မဖိုးဖိုးကလည်း သူတွေ့ကြုံခဲ့ရတဲ့ အကြောင်းလေးကို ဖောက်သည်ချလို့ ကျွန်မကလည်း ရွာသူ/သားများသိအောင် တစ်ဆင့်ဖောက်သည်ပြန်ချလိုက်ရပါတယ် ….   စိတ္တဇဆေးရုံ(အဲဒီ့တုန်းက မရမ်းကုန်း) မှာဖြစ်တယ် … အဖိုးကမိတ်ဆွေနဲ့ အဖော်လိုက်သွားတာ… အဖိုးမိတ်ဆွေရဲ့ညီက စိတ်သိပ်မမှန်ဘူး …။ သူက ဒုရဲအုပ် .. သူတာဝန်ကျနေတုန်း အချုပ်သားတွေ ထွက်ပြေးသွားတဲ့ အချိန်ကစပြီး စိတ်ဖောက်တော့တာ …။ အခုတော့ စိတ္တဇဆေးရုံဝင်းထဲ ရောက်နေပြီ…။ ဆရာဝန်နဲ့ပြဖို့က ဆရာဝန်မလာသေးတာနဲ့ ခုံတန်းရှည်မှာ ထိုင်စောင့်နေကြတယ် …။   ၁၅ မိနစ်လောက်ကြာတော့ တိုက်ပုံအင်္ကျ ီနဲ့ သားသားနားနားဝတ်ထားတဲ့ လူတစ်ယောက်ဝင်လာတယ် …။ အသက်က (၄၀)ဝန်းကျင်လောက်ရှိမယ် …။ ဆရာဝန်အခန်းထဲ ဝင်သွားပြီး လူနာမှတ်ပုံတင်စာအုပ်ယူပြီး ပြန်ထွက်လာတယ် […]