cobraOctober 16, 20101min815
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲမပေးရန် ဌာနဆိုင်ရာ အရာရှိကိုယ်တိုင် ပြောသည့်အတွက် အောက်ခြေဝန်ထမ်းများ ဝမ်းသာရကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဝန်ထမ်းတဦးက ပြောသည်။ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးမြင့်စိုးက ယခု (၁၃) ရက်နေ့က ပြုလုပ်သည့် ငါးလုပ်ငန်း အစည်းအဝေးတွင် ပြောဆိုခြင်းဖြစ်သည်။ “တော်တော်အံ့ဩသွားတယ်၊ ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ ပြောတာ၊ အဲဒီမှာ ကြံ့ဖွံ့နဲ့ပတ်သက်ရင် မဲမပေးဖို့ ပြောတယ်၊ ပေးခဲ့မယ်ဆိုရင် တခုခုအစီအစဉ်နဲ့ ပြုတ်အောင်လုပ်မယ် ပြောတယ်၊ ထည့်ခဲ့ရင်လည်း အရေးယူမယ်ဆိုပြီး ပြောတာ၊ ဝန်ထမ်းတွေလည်း ဒီလိုပြောတော့” ဟု ဝန်ထမ်းတဦးက ပြောသည်။ ဝန်ထမ်းများအနေဖြင့်လည်း ယခင်ကတည်းက ကြံ့ဖွံ့ပါတီကို မနှစ်သက်ကြသည့်အပြင် ၂၀၁ဝ ရွေးကောက်ပွဲတွင်လည်း မည်သည့်ပါတီကိုမှ မဲပေးခြင်းမပြုဘဲနေရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။ “ကျနော်တို့ ဝန်ထမ်းတွေကတော့ […]