cobraMay 13, 20111min89
ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းသိမ်းနိုင်ရေးအတွက် ကြွပ်ကြွပ်အိတ်များ သုံးစွဲခြင်းနှင့် လက်ဝယ်ထားရှိ ခြင်းများကို ၂ဝ၁၁ ခုနှစ် မေလ ၁၄ ရက်မှစ၍ ခွင့်ပြုတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှသူတစ်ဦးက ပြောသည်။ မိမိလက်ဝယ်တွင်ရှိသော ကြွပ်ကြွပ်အိတ်များအား မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများသို့ အပ် နှံသွားရန်နှင့် ဆက်လက်သုံးစွဲမှုမပြုရေး လိုက်နာဆောင်ရွက်ကြရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။ ”မြို့တော်စည်ပင်ကနေ ဧပြီ ၂၁ ရက်နေ့က ပလတ်စတစ်စက်ရုံ ပိုင်ရှင်တွေကို ခေါ်ယူဆွေးနွေးပြီးတဲ့ နေ့ကတည်းက ကျွန်မတို့ဆိုင်မှာရှိတဲ့ ကြွပ်ကြွပ်အိတ်လက်ကျန်တွေကို အကုန်လုံးပေးလိုက်ရပြီ။ ကျွန်မ တို့လက်ထဲမှာရှိတဲ့ ကြွပ်ကြွပ်အိတ် တန်ဖိုးအလိုက် ပလတ်စတစ်အိတ်တွေကို စက်ရုံကပေးသွားပါတယ်” ဟု ကုန်ဈေးတန်း ပလတ်စတစ် အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ ကြွပ်ကြွပ်အိတ်များ […]