etoneAugust 17, 20101min1025
ဩဂုတ်လ ၁ဝ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ စည်ပင်အိမ်ရာ မီးလောင်မှု ဖြစ်ပွားခဲ့ ရန်ကုန်မြို့တွင် ဩဂုတ်လ ၁ဝရက်နေ့ ညပိုင်းတွင် အင်းစိန်မြို့နယ်ရှိ စည်ပင်အိမ်ရာနှင့် ကျူးကျော်နေသည့် အိမ်များ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အချိန်တစ်နာရီအကြာတွင် ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ ဆီဒိုးနားဟိုတယ်၏ မီးဖိုဆောင်တွင်လည်း မီးလန့်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ သစ္စာဝါဒီလမ်းရှိ မြို့တော်စည်ပင် ဝန်ထမ်းအိမ်ရာ ၆ ခန်းတွဲ၊ လိုင်း(၃)၊ လိုင်း(၄)၊ လိုင်း(၅) စုစုပေါင်း အခန်း ၁၈ ခန်းနှင့် အဆိုပါ ဝန်ထမ်းအိမ်ရာနှင့် အနီးအနားရှိ ကျူးကျော်အိမ် ၂ဝ ဝန်းကျင်ခန့် မီးလောင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို ညနေ ၆ နာရီဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ပြီး […]