unclegyi1974December 15, 20111min28624
ကျွန်တော်တို့ငယ်စဉ်ကလေးတုန်းကကြက်တွေသယ်သွားသယ်လာလုပ်ကြတာတွေ့ ဖူးပါတယ် ကြက်ခြင်းကြီးတွေနဲ့တခြင်းကိုကြက်ဘယ်နှစ်ကောင်ထည့်ရမယ်သတ်မှတ်ထားတယ်လို့ ပြောပါတယ် နောက်နဲနဲကြီးလာတော့အင်္ဂလိပ်အစိုးရကိုမှီလိုက်တဲ့လူကြီးတွေပြောတာကိုမှတ်သားဖူးပါတယ် ဘယ်လိုပြောသလဲဆိုတော့ လူစားဖို့သတ္တဝါကိုမသတ်ခင်သယ်ယူရင် ကြောက်လန့်မှုမဖြစ်စေရဖူး ဖြစ်ရင်အသတ်ခံရမယ့်သတ္တဝါကိုယ်တွင်းမှာ သွေးအတွင်းမှာအဆိပ်ဖြစ်လာတယ်အဲဒီသတ္တဝါကိုသတ်စားရင်လူမှာလည်းအဆိပ်သင့် တယ်ဒါကြောင့်အင်္ဂလိပ်တွေကကြက်တွေကိုကြက်ခြင်းတွေနဲ့သယ်ယူစေတယ်လို့ပြော ပါတယ် နောက်နဲနဲထပ်ကြီးလာလို့စာတွေဖတ်လာချိန်မှာဆေးပညာပေးစာတွေထဲမှာဖတ်ဖူး တာကသတ္တဝါတွေကြောက်လန့်လာရင်သွေးတွင်းမှာအမှန်ပဲမကောင်းတဲ့ဓာတ်ပြုမှုတွေ ဖြစ်တယ်ဆိိုတာမှတ်သားဖူးပါတယ် အသက်ကလေးရလာတော့ဆင်ခြင်ကြည့်ပါတယ်ဟိုးအရင်လူတွေကင်ဆာသိပ်မဖြစ် ကြဖူး အခုလူတွေကင်ဆာအဖြစ်များလာတယ်ဆိုတာသတိပြုမိလာပါတယ် အစားအသောက်အနေအထိုင်ပြောင်းလာတာကြောင့်လို့သိပ္ပံပညာရှင်တွေကကောက် ချက်ချကြပါတယ် ကျွန်တော်ကတော့ပုံမှာမြင်ရတဲ့ကြက်သယ်ယူနည်းတွေကိုကြည့်ပြီးအတွေးပွားမိပါတယ် ဟိုးအရင်ကကြက်တွေကိုဒီလိုသယ်လို့မရပါဖူးအခုသယ်လို့ရနေပါတယ် ဟိုးတုန်းကကြက်တွေကိုဒီလိုသယ်ရင်စည်ပင်ကအရေးယူတယ်လို့သိရပါတယ် အခုစည်ပင်ကအလုပ်များနေလို့အရေးမယူနိုင်တော့ဖူးလို့တွေးမိပါတယ် ဘာပြောပြောသတ်တာကသတ်တာပေါ့လေ မသေခင်ညှင်းဆဲသလိုမဖြစ်အောင်သယ်ယူနိုင်ရင်မကောင်းဖူးလားလို့အတွေးပွားမိပါတယ် ဘယ်သူတွေကများကြက်တွေရဲ့ဒီဒုက္ခကလွတ်အောင်ဆောင်ရွက်ပေးနိုင်ပါလိမ့်