kyawhan21August 12, 20111min663
ကမ္ဘာကြီးအား နှစ်ပေါင်းများစွာ ဗြောင်ကြကြ လိမ်ညာနေသော မြန်မာ့ရုပ်သံတွင်တလောလေးကမှ ပြန်ကြားရေးပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းမှ k i a အမည်ခံ ပြည်ထောင်စု ခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့ ၏ အကြမ်းဖက် တိုက်ခိုက်မှုဟု ယိုးမယ်ဖွဲ့စွပ်စွဲချက်အား လက်ဟန်ချေဟန်လေးနှင့် စတိုင်ကြကြ မိန့်ချွေသွားပါသည်။ ပြည်ထောင်စု အစိုးရလက်ထက် ပြည်သူများအား ပေးထားသော ဂတိဂဝတ်များ မည်မျှတိုးတက်လာပါသည်ဟု ခိုင်ခိုင်မာမာ ပြနိုင်ခြင်းမရှိသေးသော်လည်း အဆိုပါဝန်ကြီး၏စတိုင် မှာ ကမ္ဘာကျော် နိုင်ငံရေးသမားတစ်ဦး၏ စတိုင်ပြောင်းသွား သည်ကိုကား မြန်မာပြည်သူများ မြက်ဝါးထင်ထင် တွေ့မြင်ရပါသည် သို့သော်မြန်မာပြည်သူများ၏ လတ်တလော ပြောင်းလဲမှု လိုအပ်ချက်သည်ကား ထိုအဆောင်အယောင်များမဟုတ်ပေ အမိမြန်မာပြည် တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားပြည်သူအားလုံးသွေးစည်းညီညွတ်ကြလျှက် ပြည်ထောင်စုထာဝရ တည်တံ့ရေးပင်ဖြစ်ပါသည်။ ဖေါက်ခွဲသတ်ဖြတ်မှုများ၏  အဓိက လိုအပ်ချက်မှာ အဘယ်နည်း၊ အဘယ်ကြောင့်သတ်ဖြတ်နေကြသနည်း၊အမှန်တကယ် တိုင်းပြည်နှင့် […]