DaveDecember 12, 20111min961
မန ္တလေးမှ မေတ္တာတရားနှင့် ငြိမ်းချမ်းရေးလှုပ်ရှားသူများ စုစည်းတည်ထောင်ထားသည့် မေတ္တာ Campign (အထက်မြန်မာပြည်) သည် ဝါခေါင်လပြည့်နေ့တွင် ကျရောက်သော မေတ္တာအခါတော်နေ့၌ ငြိမ်းချမ်းရေးစကားဝိုင်းစတင် ပြုလုပ်သည်။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရရှိခြင်း နှစ်(၂၀)ပြည့် အထိမ်းအမှတ်နှင့် တိုက်ဆိုင်ကျင်းပသော ထိုစကားဝိုင်းတွင် မေတ္တာ Campign (အထက်မြန်မာပြည်) ၏ ရှေ့လုပ်ငန်းစဉ်များ၊ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးလှုပ်ရှားကြမည့်အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။ အပတ်စဉ်ဆက်လက်ပြုလုပ်သွားမည့်ထိုစကားဝိုင်းတွင် ငြိမ်းချမ်းရေးစာတမ်းများ၊ သတင်းထုတ်ပြန်ချက် ကျေညာချက်များကိုလည်း အတည်ပြုမှတ်တမ်းတင်သွားမည်ဖြစ်သည်။ ထိုနေ့တွင် တင်သွင်းသော ငြိမ်းချမ်းရေးစာတမ်း တစ်စောင်ကို အများဖတ်ရှုလေ့လာနိုင်ရန် အောက်တွင် တစ်ပါတည်း ဖော်ပြပေးလိုက်ပါသည်။ စာတမ်း ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအညွှန်းကိန်းကို ယေဘုယျချဉ်းကပ်လေ့လာခြင်း ရေးသားတင်သွင်းသူ- သင်းဆက်ကျော်ရှိန် ရည်ရွယ်ချက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ငြိမ်းချမ်းရေးကိုထိန်းသိမ်းမြှင့်တင်နိုင်ရန်အတွက် မိမိတို့အခန်းကဏ္ဍအလိုက် ကြိုးပမ်းလုပ်ဆောင် လျက်ရှိသည်။ ယင်းကြိုးပမ်းမှု၏ အကျိူးရလဒ်နှင့်ပတ်သက်၍ […]