ဤစာပိုဒ်ပါ အကြောင်းအရာများအား ဇာတ်မင်းသားဆိုငိုပြောသံဖြင့် ဖတ်ရှုပါရန် လေးစားစွာကြံစီရေသားအပ်ပါသည်။။ **ဘီလူးမင်းကြံစီခန်း(၁)** အပြင်အဆင်။။။။ နောက်ခံကားချပ်မှာကား ကျူးကျော်ရပ်ကွက်မြောင်းပုတ်အနီး တစ်ထီးတစ်နန်း ဘုံရိပ်နန်းနှင့် နတ်ပေါင်းခြံရံ ဘီလူး မြို့တော်အခန်းအားရေးဆွဲထားစေ။။။ (အဝတ်အစား) အချွန်အတက် ကိုယ်ရောင်ထွက်စေသော စီးကရက်ရွှေ ဘော်ကြယ်ပြိုးပျက် ချက်ကျောက်တွေနဲ့တဖျပ်ဖျပ်လက်အောင် လက်ကတော့ချွန် နတ်စလွယ်မွန်လျှက် လက်တစ်ဖက်ကဘော့ပင် တစ်ဖက်ကကျောက်သင်ပုန်း ကိုင်ဆောင်ကာ ဇကောနှစ်ချပ် ဒုတ်တပ်ဤ စီးကာ ဘီလူးမင်းထွက်ရမည်။။။။ (ကားလိပ်ဖွင့် ) ။။။ဘီလူးမင်းပြော။။။။ (နတ်စည်ညိမ်ညောင်းစွာတီးထားစေ) ယခုတစ်ပါတ်တွင်မတော့ ကျွန်နုပ် အမောင်ဘီလူးမင်း သည်ကား ဇကောနှစ်ချပ် ဖင်ကြားညှပ်လျှက် တရံမအား အလုပ်များလျှက်ရှိလေသော် မန်းတလေးလူမိုက် သူဌေးဂိုက်နှင့် ငပေ ငမိုက်ဘီယာကြိုက်သူမှ  တစ်ရံတစ်ခါကွန်ယက်ပျောက် ဆက်သွယ်မှုအပြင်ဘက်ရောက်ရောက်သွားတတ်လှစွာသော  ကျွန်နုပ်၏ စုတ်လှနုံစွာ ဖုန်းကွန်ခြာသို့ ကူးလာချိတ်ဆက်  မန်းတလေးတွင်အနေခက်သောကြောင့် နက်ဖန်သဘက် ရန်ကုန်တက်လာမည့်အကြောင်းနှင့် မဒံပေတဖက်လှည့်နဲ့  […]