kyawhan21August 18, 20111min952
မြန်မာတို့၏သမိုင်းကောင်းဗိသုကာသို့မဟုတ်ပုံရိပ်သမိုင်းရှင်မှာ ဗိုလ်ချုပ်အောင်ဆန်းသာလျှင်ဖြစ်သည်၊ဗိုလ်ချုပ်သည်ခေတ်တစ်ခေတ်၏ဆန္ဒနှင့်အညီပေါ်ပေါက်လာသော လူထုခေါင်းဆောင်ဖြစ်သည်၊အနော်ရထာ၊ဘုရင့်နောင်၊အလောင်းဘုရားတို့သည်မြန်မာ့သမိုင်း၏ဗိသုကာများမဟုတ်ပါ၊လူထုလူတန်းစားများကိုကိုယ်စားပြုသည့်လူထုခေါင်းဆောင်များလည်းမဟုတ်ပါသမိုင်းတွင်သက်ဦးဆံပိုင်ပဒေသရာဇ်များဖြစ်ကြသည်၊    ပဒေသရာဇ်များသည် ကိုယ်ကျိုးစီးပွားကိုကာကွယ်ရန် စစ်ခင်းသည် သိမ်းပိုက်သည်၊ ခေတ်သစ်မြန်မာနိုင်ငံကိုမွေးဖွားသူများ မဟူတ်ကြပါ၊သမိုင်းတွင်ကောင်းကွက်တစ်ခုတော့ရှိကောင်းရှိမည် သို့သော်လူထုလူတန်းစားမျာအတွက်မဟုတ်ပါ၊ ပဒေသရာဇ်များခေတ်တွင်ပြည်သူသည် ကျေးကျွန်ဖြစ်ပြီး လူထုခေါင်းဆောင်များအတွက်မူ ပြည်သူများက စစ်မှန်သော အာဏာပိုင်ရှင်များဖြစ်ကြသည် လွန်စွာကွာခြားပါသည်၊ ထိုပဒေသရာဇ်များခေတ် ဘုရင်ကိုသတ်လျှင် ဘုရင်ဖြစ်သော အမွေဆိုးကြောင့် လက်ဦးသူဘုရင်ဖြစ်လာသည်၊အရည်အချင်းညံ့ဖျင်းသောကြောင့် ထိုဘုန်းရှင်ရူး ကံရှင်ရူးတို့၏လက်ထက်တွင် တိုင်းပြည်နှစ်ပေါင်း120 ကျွန်သားပေါက်ဘဝသို့ရောက်ရသည်၊ ယခုမြန်မာပြည်သည် လွတ်လပ်သော တိုင်းပြည်အဖြစ် ရပ်တည်နေပါသည်၊ တပ်မတော်သည်ဦးဆောင်ပြိး အသက်သွေးချွေး များစွာစွန့်လွှတ်စတေားကာ လူထုလူတန်းစားများနှင့် လက်တွဲပြီး အတူတိုက်ပွဲဝင်ခဲ့သည်၊ ထိုလွတ်လပ်ရေးတိုက်ပွဲဝင် တပ်မတော်အား အနော်ရထာ ဘုရင့်နောင် အလောင်းဘုရား စသည့်ပဒေသရာဇ် သက်ဦးဆံပိုင်များ မဖွဲ့စည်းခဲ့ပါ၊ လွတ်လပ်ရေး တိုက်ခဲ့သော တပ်မတော်သည် လူထုလူတန်းစားများဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့ပြိး ပြည်သူ့အမှုကိုထမ်းရွက်သော ြပြည်သူ့သားပြည်သူ့အမှုထမ်းများဖြစ်သည်၊ သက်ဦးဆံပိုင်အာဏာရှင်တို့၏ အမှုကိုထမ်းရသော အာဏာပါးကွပ်သားများ မဟုတ်ပါ၊ ထိုတပ်မတော်မှာ […]


kyawhan21August 16, 20111min827
ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့သည် ပြည်ထောင်စုအစိုးရအမည်ခံကာ  လူထုအစိုးရ ဖြစ်စေရမည်ဟူသော ကြွေးကြော်သံဖြင့် 2011 မတ်လ 30 ရက်နေ့တွင် နိုင်ငံတော်အာဏာကိုရယူပိုင်ဆိုင်ထားပြီဖြစ်သည်၊ပြည်ထောင်စုအစိုးရအဖွဲ့မှာ ပြည်သူလူထု၏ ထောက်ခံမှုကို ပြည်ဝစွာရရှိထားသည်ဟုဆိုသော်လည်း လက်တွေ့တွင်မူ ခိုင်လုံစွသက်သေပြနိုင်ခြင်းမရှိပေ၊ အမျိုးသားအကျိုးစီးပွားကိုဦးထိပ်ထားပါသည်ဟုအစဉ်တစိုက်ပြောဆိုနေပြီး လက်တွေ့တွင်မူ လူတန်းစားနိုင်ငံရေးနှင့်ကင်းကာ ဒီမိုကရေစီရေးနှင့်လူအခွင့်ရေးများအား လုံးဝအကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း လူထုလူတန်းစား အသီးသီးကခိုင်မာစွာယုံကြည်နေကြပါသည်၊ ထိုကြောင့် ဦးသိန်းစိန်ဦးဆောင်သောအဖွဲ့သည်  လူထုလူတန်းစားနိုင်ငံရေးကို ခိုင်ခိုင်မာမာဆောင်ရွက်သည့် လူထုအစိုးရဖြစ်လာစေရေးအတွက် ပြည်သူတို့၏ ဆန္ဒသဘောထားများကို လူထုလူတန်းစားထဲသို့ ထဲထဲဝင်ဝင်လေံလာရန်ကား အရေးတကြီးလိုအပ်နေပေသည်၊ တိုင်းပြည်၏လတ်တလော ဖြေရှင်းရမည့်ပြသနာမှာလူတန်းစားနိုင်ငံရေးပင်ဖြစ်သည်၊ တိုင်းပြည်အားအသွင်သစ်ဖြင့်ပြန်လည်တည်ဆောက်ရာတွင်ပြည်သူ၏ဆန္ဒသည်အဓိကဖြစ်ပြီး လူထုလူတန်းစားတစ်ရပ်လုံးသွေးစည်ညီညွတ်စွာပါင်မှသာလျှင် အောင်မြင်နိုင်မည်ဖြစ်သည်၊ပြည်ထောင်စုအစိုးရအနေဖြင့် ဆင်းရဲသားပပြောက်ရေးကိုစီမံကိန်းချမှတ်ထားသည်၊ထိုစီမံကိန်းကို ပြည်သူများကအောင်မြင်ရန်အလိုရှိပါသည်၊သို့သော် မ ဆ လ ခေတ်နှစ်တိုနှစ်ရှည်စီမံကိန်းများကဲ့သို့ ပြည်သူကိုအချိန်ဆွဲလိမ်ညာပြီး တိုင်းပြည်ပျက်သုန်းမည်ကိုစီုးရိမ်နေကြပါသည်၊ထိုသံသယများအား လူတန်းစားနိုင်ငံရေး၊ဒီမိုကရေစီရေးနှင့်လူအခွင့်ရေးများကို ဦးစွာပြုပြင်ဆောင်ရွက်ခြင်းဖြင့် ချေဖျက်နိုင်မည်ဖြစ်သည်၊ လူတန်းစားများအားတိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် မိမိတို့ကံကြမ္မာကို မိမိတို့ လွတ်လပ်စွာ ဖန်တည်နိုင်ခြင်းဖြင့်ပါဝင်လာစေသင့်သည်၊ထိုသီု့ပါဝင်လာစေရန် […]