kyawhan21July 13, 20111min1129
ကျွန်တော်ကျော်ဟန်ပါ  ပြီးခဲ့တဲ့လက အစိုးရရုံးတွေမှာ  တီးတိုးအမိန့်တွေကို နာခံဆောင်ရွက်တာတွေ တွေ့ရတယ် ပြည်သူတွေသိပြီးသားဖြစ်မှာပါ၊ နိုင်ငံပိုင်အစိုးရရုံးတွေမှာ ချိတ်ဆွဲထားတဲ့ ဗိုလ်သန်းရွှေ ရဲ့ ရုပ်ပုံကို ဖြုတ်သိမ်းခိုင်းတယ် ၊ဒါပေမယ့် ဒီအမိန့်ရဲ့ မပြည့်စုံမှုက ဘယ်သူ့ပုံနဲ့အစားထိုး မလဲဆိုတာပါ။အနီးစပ်ဆုံးက လက်ရှိပြည်ထောင်စု အစိုးရအဖွဲ့ရဲ့  အကြီးအမှူးဖြစ်သူသမ္မတဦးသိန်းစိန် ရဲ့ပုံဖြစ်နိုင်ချေရှိတာပေါ့၊ ဒါဆိုရင် ဒီသမိုင်းဟာ သိက္ခာရှိပြိး ပြည့်စုံတဲ့သမိုင်းဟုတ်ပါရဲ့လား၊တစ်ကယ်ပြည်သူ့ဆန္ဒ ဟုတ်ပါရဲ့လားဆို တာ ပြည်ထောင်စုအစိုးရအနေနဲ့ပြန်လည်ဆန်းစစ်ဘို့လိုအပ်မှာပါ။                   တစ်ကယ်ပြည်သူ့ဆန္ဒကို စစ်တန်းလုပ်မယ်ဆိုရင်တော့  တစ်ခဲနက်သောပြည်သူ့ရဲ့ဆန္ဒ အဖြေကတော့ရှင်းပါတယ်၊မကြာခင်ကြရောက်တော့မယ့် အာဇာနည်နေ့အတူ ပြည်သူ့ရင်ကို မျိုးချစ်စိတ်တွေနဲ့ လှုပ်နှိုးစေမယ့် မြန်မာ့အာဇာနည် ဗိုလ်ချုုပ်အောင်ဆန်း ရဲ့ ရုပ်ပုံလို့ အဖြေထွက်လာမှာပါ။မြန်မာသာမက နိုင်ငံတကာခေါင်းဆောင်ပိုင်းကပါ စံထားလေးစားတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲံသမိုင်းဟာ မြန်မာ့သမိုင်းတလျှောက် ဘယ်လိုမှအစားထိုးလို့မရပါဘူး။                 မြန်မာပြည်ကိုတကယ်စစ်မှန်တဲ့ ပြည်ထောင်စု နဲ့ စည်းလုံးညီညွတ်တဲ့ တိုင်းပြည်တစ်ပြည်အဖြစ် ပြန်လည်တည်ဆောက်လိုတယ်ဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့ […]