cobraSeptember 2, 20111min20115
ကျွန်တော်ဒီပိုစ့်ကိုတင်တာကတော့ အဖော်စောင်ထားစို့ နဲ ့ပက်သတ်ပြီး ဘာလို့ဒီလိုပိုစ့်တွေတင်နေရတာလည်းဆိုတာနားမလည်ပဲထင်ကြေးနဲ ့ကျွန်တော့်မိဘကိုပါပုတ်ခတ် ပြီးပြောတဲ့သူကြောင့်ပါ။ ကျွန်တော့်မှာအကိုဝမ်းခွဲတစ်ယောက်ရှိခဲ့တယ်…အရမ်းလည်းချစ်တယ်အကိုအရင်းထက်တောင်ချစ်တယ်။ သူ့နာမည်က ရဲမြတ်ခိုင် ကျွန်တော်ကတော့ အကိုကြီးကိုရဲလို့ခေါ်တယ်။ ကျွန်တော့်နဲ့ဆို၁ရနှစ်လောက်ကွာတယ်…သူလည်းကျွန်တော့်ကိုအရမ်းချစ်တယ်။ သူ့ပုံစံကအရပ်က၆ပေကျော်တယ်….ဗလတောင့်တယ်..မျက်လုံးအကြည့်ကစူးတယ်။ တော်ရုံတန်ရုံမိန်းမလောက်ကတော့မျက်လုံးနဲ့တောင်ကြွေတယ်။ စော်လည်းအရမ်းကြည်တယ်…အဲဒါကြောင့်လည်းသေခဲ့ရတာပေါ့။ သူအမြဲပြောတဲ့စကားကိုမှတ်မိသေးတယ်….. မင်းအမေမွေးထားတာယောက်ျားလေးတဲ့ မူးယစ်ဆေးဝါးကလွဲရင်ကျန်တာမလုပ်ဖူးတာမရှိစေနဲ ့ ဒါပေမယ့် အလွန်အကျွံမဖြစ်စေနဲ့တဲ ့။ သူပြောတဲ့စကားကိုအရမ်းကြိုက်တယ် အခုထိလည်းလိုက်နာနေတုန်းပါပဲ။ ကျွန်တော်ကိုမကောင်းတာတွေမလုပ်ဖို့လည်းအမြဲဆုံးမတယ်။ ကလေးတုန်းကဆိုသူပဲကျွန်တော့်ကိုထိန်းခဲ့တာလေ။သူ့လက်ပေါ်မှာကြီးခဲ့တာပေါ့။ ကျွန်တော့်ကိုအဖေရိုက်ရင်လည်းသူပဲအမြဲခံပေးနေကျ။ KTV ဆိုတာလည်းကျွန်တော်၉တန်းလောက်မှာသူခေါ်သွားဖူးတယ်။ မင်းတစ်ခေါက်ရောက်ပြီးပြီနောက်မသွားနဲ့တော့တဲ့။ ကျွန်တော်သွားတာသိသွားတော့ကျွန်တော့်ကိုထိုးပါလေရော….။ နေရာတော်တော်များများလည်းခေါ်သွားဖူးတယ်။သူ့ကြောင့်လည်းလိုင်းစုံခဲ့တယ်။ တစ်ခုမှတော့မဆွဲခဲ့ဘူး။မူးယစ်ဆေးဝါးတော့မသုံးခိုင်းဘူး။သူကိုယ်တိုင်လည်းမသုံးဘူး။ လိင်ကိစ္စကျတော့မင်းငယ်သေးတယ်မင်းကိုမခေါ်သွားဘူးတဲ့။သူတစ်ယောက်တည်းသွားတယ်။ မာဆွတ်လို့ခေါ်တဲ့အပြီးပေါက်တွေပေါ့။သူအဲဒီမှာစပြီးရောဂါပါလာတယ်။ HIV/AIDS တဲ့ သူဖြစ်နေတဲ့အချိန်မှာကျွန်တော့်ကိုအရင်ပြောပြတယ်။ သူဆုံးသွားတော့ အသက်က၃၃နှစ်ပဲရှိသေးတယ်။ ငယ်သေးတယ်လို့ပြောရမှာပေါ့။ဒီရောဂါနဲ ့သေတယ်ဆိုရင်ထုံးစံအတိုင်းပေါ့ ပတ်ဝန်းကျင်…စောက်သုံးမကျတဲ့ပတ်ဝန်းကျင်ကကဲ့ရဲ ့ကြတယ်။ ကျွန်တော်တို့လမ်းထဲမှာကအမျိုးတွေများတယ်။ သူ ့တိုက်ကကျွန်တော်တို့အိမ်ရဲ ့မျက်စောင်းထိုးမှာရှိတယ်။ဝရံတာထွက်ပြီးဂစ်တာတီးတာခုထိမျက်လုံးထဲမြင်နေတုန်းပဲ။ ဒီလောက်ပဲပြောပြတော့မယ်ဗျာ….. 🙁 ကျွန်တောအရမ်းချစ်တဲ့အကိုတစ်ယောက်ဒီလိုရောဂါနဲ ့သေသွားရတယ်ဝမ်းနည်းလို့မှ မဆုံးသေးဘူး ဘေးပတ်ဝတ်းကျင်ကအပြောတွေခံရတယ်… […]